ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၆၁ (စာစဉ် ၅ အပိုင်း ၁)
မင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ"ဒီဆက်သွယ်ရေးအဆောင်ကို မင်း ဘယ်လိုသုံးလဲ?" ချန်ချန် မျက်မှောင်ကြုတ်ကာ အေးစက်စက်မေးလိုက်သည်။
ဝမ်ဖုန်းသည် သူ့ခေါင်းကို အဆက်မပြတ်ခါနေကာ ဘာမှမသိတော့ပုံ ပေါ်နေ၏။"ထားလိုက်တော့ ငါ မင်းကို သေတဲ့အထိ ရိုက်မယ် အဲ့ဒါကလည်း အလုပ်ဖြစ်တာပဲလေ"
ချန်ချန် ဆက်သွယ်ရေးအဆောင်ကို လွှင့်ပစ်လိုက်ကာ ဝမ်ဖုန်းကို အော်ဟစ်ငိုယိုသည်အထိ ရိုက်နှက်လိုက်သည်။'ဒီကောင်က ငါ့ကို သေတဲ့အထိ တကယ်ကြီး ရိုက်နေတာပဲ!'
သူ အဆက်မပြတ်အရိုက်ခံနေရစဉ် ချန်ချန်သည် သူ့ကို သတ်ကာ ဝူရှင်းကလန်သို့ တပည့်အဖြစ် ဝင်ရောက်ချင်နေသည်ဟု ခံစားမိပြီး အသိစိတ်တဖြည်းဖြည်းပျောက်ဆုံးလာသည်။
'ဒီလောကထဲမှာ ဒီလိုကြောက်စရာကောင်းတဲ့လူမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ? သူက အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့သူ တစ်ယောက်ပဲ'
ဝမ်ဖုန်း သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း မတတ်နိုင်ဘဲ ကျယ်လောင်စွာ အသနားခံရတော့သည်။"ဆက်ခံသူ ကျွန်တော့ရဲ့ အသက်ကို ညှာတာပေးပါ!"
"ကျွန်တော် နောက်ထပ် မတိုက်ခိုက်တော့ပါဘူး! ကျွန်တော် ရှုံးနိမ့်တာကို ဝန်ခံပါတယ်!"
သူ၏ အသနားခံသံက ရင်ပြင်တစ်ခုလုံးကို ပျံ့လွင့်သွားပြီး အတွင်းစည်း အပြင်စည်းတပည့်များအားလုံးကို တိတ်တဆိတ် ဝမ်းသာသွားစေသည်။ ထိုအချိန်တွင် သူတို့သည် ဆက်ခံသူချန်ချန်နှင့် ထျန်းယွမ်ကလန်၏ သူတော်စင်ကို သတိရသွားကြ၏။
သို့သော်လည်း စွန်းထျန်ကန်းနှင့် ကျောက်ရှောင်ယတို့က စိုးရိမ်နေကြသည်။ တိုက်ခိုက်မှုက အံ့အားသင့်ဖွယ်ကောင်းသော်လည်း ဝမ်ဖုန်းက လက်တုန့်ပြန်လျှင် ဘာဖြစ်သွားမည်နည်း? သူက သူ့ကို တကယ်ကြီး သတ်နိုင်မည်လော?
အချိန်တစ်ချို့ကြာပြီးနောက် ချန်ချန် ရပ်တန့်လိုက်ကာ ဝမ်ဖုန်းကို ဆွဲခေါ်သွားသည်။"စီနီယာအကိုချန်.......စီနီယာက......"
ကျောက်ရှောင်ယသည် သူ့ကို စီနီယာအကိုဟု ရှားရှားပါးပါး ခေါ်လိုက်သည်။ သူမလေသံတွင်လည်း စိုးရိမ်မှုအရိပ်အယောင်များ ပါဝင်နေ၏။

YOU ARE READING
ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 1-100
Fantasyရှန်းရှကမ္ဘာသို့ ကူးပြောင်းပြီးနောက် ချန်ချန်တစ်ယောက် သာမန်သေမျိုးအဖြစ်နဲ့သာ နေထိုင်ခဲ့သည်။ သူ အသက်ဆယ့်ေခြာက်နှစ်အရွယ်ရောက်ပြီး တစ်နေ့တွင် မမျှော်လင့်ဘဲ စနစ်တစ်ခုကို ရရှိခဲ့သည်။ ထိုစနစ်မှာ ပြိုင်ဘက်ကင်းထောက်လှမ်းရေးစနစ်ပင် ဖြစ်သည်။ "စနစ် ငါပိုက်...