Part 1

547 36 0
                                    

''သူရောက်လာပြီ''
'' အခုဘယ်လိုခံစားရပါသလဲ ''
'' ဆေးသုံးစွဲမှုကို ဝန်ခံပါသလား ''
'' ဂျယ်ဂုမိသားစု ဒုတိယသားနဲ့ရော ဘယ်လိုဖြစ်သွားပါပြီလဲ ''
'' အယူခံဝင်အုံးမှာပါလား ''
'' အခုဘယ်လိုခံစားရပါသလဲ တခွန်းလောက်ပြောပေးပါ ''

ကားပေါ်ကနေဆင်းလိုက်တာနဲ့ သူမဆီအပြေးအလွှားဝင်လာပြီး မေးခွန်းများစွာမေးနေတဲ့ media သမားများကို ဂရုမစိုက်ပဲ အိမ်ထဲသို့ ဝင်လာခဲ့သော သူမ.....

'' အမေ့ခံအနုပညာရှင်လေးတွေဘာလုပ်နေလဲကြည့်ကြရအောင် ''
'' ဒီနေ့ဘယ်သူ့အကြောင်းပြောမှာလဲ ''
'' ဒီနေ့  .....  ကျနော်တို့ပြောမှာကတော့ ကိုရီးယားမှာတင် popular ဖြစ်ခဲ့တာမဟုတ်ပဲ အာရှတခွင်လုံး လျှမ်းလျှမ်းတောက်ခဲ့တဲ့ Kim Jisoo အကြောင်းပါ ''
'' အိုး....သူဒီတလောဘာလုပ်နေပါလိမ့်လို့ အမြဲတွေးတွေးနေတာ ''
'' သူအခုဘယ်လိုနေလဲ ရှင်တို့ရောသိကြလား ''
'' သူကအခုလောလောဆယ်တော့ ဇာတ်ကားရိုက်တာကို ခနနားထားပြီး အနားယူနေပြီးတော့ ဇာတ်ကားအသစ်နဲ့အတူပြန်ထွက်လာမယ်လို့ကြားပါတယ် ''
'' ဒါပေမဲ့...သူက မူးယစ်ဆေးသုံးတယ်ဆိုပြီး သတင်းတွေကအရမ်းပြန့်ထားတာနော် သူပြန်ပြီး သရုပ်ဆောင်လောကထဲဝင်နိုင်ပါတော့မလား ကျမတော့မထင်မိဖူးနော် ''
'' အရင်ဆုံးပြောရရင် ဆေးသုံးစွဲမှု ရလဒ်ကလဲ ကင်းရှင်းပြီးတော့ သူကတရားခွင်မှာလဲ အပြစ်မရှိကြောင်း ထုချေနိုင်ခဲ့တယ်လေ အဲ့ဒီ့တော့ သူပြန်လာဖို့ဆိုတာ လုံးဝကိုဖြစ်နိုင်တာပေါ့ဗျ ''
'' ဒါပေမဲ့ သူ့ရဲ့မကောင်းသတင်းကထွက်နေတာနော် ''
'' အဲ့ဒါပြောတာပေါ့ ''
'' အရေးအကြီးဆုံးက သူ့ကိုလူတွေအခုမေ့နေတာပဲ ''
'' ဟုတ်တယ် ''
'' အဲ့ဒါအမှန်ပဲ ''

Jisoo  အစီစဥ်တခုမှာသူမအကြောင်းပြောတာကို နားထောင်နေရင်း သူ့လက်ထဲကိုကြည့်နေမိသည် Jisoo လက်ထဲနေရာယူထားသော ဆေးလုံးလေးများ

'' အခုချိန်မှာ ငါကသူ့ထက်တောင်နာမည်ကြီးနေသေးတယ် ''

Jisoo ဆေးသောက်ဖို့ပြင်လိုက်ချိန်

'' Jisoo မဖြစ်ဖူး...မလုပ်ပါနဲ့ ''
'' နင်ဘာတွေလုပ်နေတာလဲ နင်ဘာဖြစ်နေရတာလဲ ''
''ဘယ်လိုပဲခက်ခဲနေပါစေပေါ့ ဒီလိုတော့မလုပ်သင့်ဘူးလေ ''
'' ဘယ်လောက်ခက်ခဲပင်ပန်းနေမယ်မှန်း oppa သိပါတယ် ''
'' ဆေးသုံးစွဲတယ်ဆိုပြီး သတင်းထွက်လာလို့ နာမည်ကလဲထိုးကျသွားတယ် ''
'' စာချုပ်ဖောက်ဖျက်ကြေးတွေလျော်လိုက်ရလို့ နင့်မှာတပြားမှလဲမကျန်တော့ဖူး ''
'' ပြီးတော့ social media ပေါ်မှာလဲ နင့်ကိုဆန့်ကျင်နေတဲ့အဖွဲ့တွေအများကြီးပဲ ''
'' နင်အပြစ်မရှိတော့ရော ဘာလုပ်နိုင်မှာလဲ ''
'' နင့်ဘဝကြီးကစုတ်ပြတ်နေပြီကို ''

ရေခဲတုံးရှေ့နေမလေး နှင့် super star မင်းသမီးချောလေး Where stories live. Discover now