Part 3

228 37 0
                                    

Always ရှေ့နေရုံးရှိ အမှုဆောင်အရာရှိချုပ် Young Jung Kook အခန်းတွင် -
YJK - '' လက်တွေ့ဆင်းဖို့ ''
YJK - '' ရှေ့နေရုံးဆိုတာ သရုပ်ဆောင်သင်တန်းကျောင်းထင်နေတာလားကွ ဒီရောက ဥပဒေတွေနဲ့လုပ်ကိုင်နေရတဲ့နေရာ ဒီလိုပေါက်တတ်ကရတွေ အကူအညီတောင်းမယ်ဆိုရင် ငါဖုန်းချလိုက်တော့မယ် ''

ဥက္ကဌကြီး - '' Kim Jisoo လာမှာ ''

YJK - '' ဘာဂျီဆူးဖြစ်ဖြစ် ဂရုမစိုက်ဖူး သူ့ကိုမနက်ဖြန်မနက်လာခိုင်းလိုက် ဒီကအတော်ဆုံးရှေ့နေနဲ့တွဲပေးမယ် သိပြီလား ''
'' မင်းမို့လို့ ငါကူညီတာနော် ကျေးဇူးတင်စရာမလိုဘူး ဒါပဲ ငါအလုပ်များနေတယ် ''

ဖုန်းချပြီးနောက် ကမ္ဘာမှာအပျော်ရွှင်ဆုံးလူတယောက်အဖြစ်ပြောင်းလဲသွားတဲ့ Yong Jung Kook

YJK - '' ငါကပိုကျေးဇူးတင်တာပေါ့ ငါ့ရဲ့နတ်ဘုရားမ...မင်းရဲ့နတ်ဘုရားမ...စကြာဝဠာရဲ့နတ်ဘုရားမ...နတ်ဘုရားမလေး Kim Jisoo ''

ဟန်ပန်အမူအယာတွေနဲ့လုပ်ပြီး စိတ်လှုပ်ရှားစာဖြင့်ထိုင်ရာမှထကာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း

YJK - '' ယုံတောင်မယုံနိုင်ဖူး Kim Jisoo လာမှာတဲ့ ''

ရုံးခန်းထဲမှအရုပ်တွေကိုလိုက်ထိကာ

YJK - '' မင်းကြားလိုက်လား ငါ့ဆီကို Kim Jisoo လာမှာတဲ့.... ကြားလိုက်လား Kim Jisoo ကမနက်ဖြန်ကစပြီးလာမှာတဲ့  လုံးဝအမိုက်ပဲဟေ့...Kim Jisoo တဲ့ ငါ့ရဲ့ Kim Jisoo လေး ''

YJK - '' ကဲကြည့်ရအောင် ငါ့ရဲ့ Jisoo လေးကို ဘယ်သူနဲ့တွဲပေးရမလဲ ''
ရုံးခန်းမှ ထွက်ကာ ရှေ့နေ့တွေရုံးခန်းဖက်ကိုထွက်လာခဲ့သည်

ရုံးခန်းတခုရှေ့တွင်ရပ်လိုက်ပြီး
YJK - " တရားမမှုကျွမ်းကျင်တဲ့ ရှေ့နေ့ ဒန်းမွန်ဟီးလား မဖြစ်သေးဖူး သူကကြောက်တတ်တယ် Jisoo ကို ကူညီနိုင်မှာမဟုတ်ဖူး ''

နောက်တခန်းကို ဆက်သွားလိုက်ပြီး
YJK - '' ဒါမှမဟုတ် ကွာရှင်းတဲ့အမှုတွေမှာကျွမ်းကျင်တဲ့ ရှေ့နေ ချွဲယွန်ဟော့ ဆိုရင်ရော မဖြစ်သေးဖူး လုံးဝ လုံးဝမဖြစ်ဖူး ငါတို့ ဂျီဆူးကို မေမေ့သားလေးလက်အောက်မှာမထားနိုင်ဖူး ''

'' ဟုတ်တယ်မို့လား မာမားဘွိုင်လေးတွေကအရမ်းအာရုံနောက်ရတာ ''
ကော်ဖီသောက်ရင်း အနားကပ်ကာဝင်ပြောလိုက်သော

ရေခဲတုံးရှေ့နေမလေး နှင့် super star မင်းသမီးချောလေး Where stories live. Discover now