Part- 1" မလာသေးဘူးလား... ကြာတယ်ကွာ ချီးလိုပဲ ခွေးကောင်တွေချိန်းတုန်းကလာမယ်ပြောပြီးတော့ နီးမှကြောက်ချီးပန်းနေပြီထင်တယ် ထွီး... "
သာမဏိမင်းမြတ် ပါးစပ်ထဲဝါးလက်စကွမ်းကိုပျစ်ကနဲထွေးကာပြောလိုက်တော့ သူ၏သူငယ်ချင်းဆိုးဖော်ဆိုးဖက်ဖြစ်သူ မင်းမောင်ငြိမ်းကပြန်ပြောလာသည်။
" မထင်နဲ့နော် အဲ့ခွေးကောင်က လူကောင်သာသေးတာအဆိပ်ကဘယ်ပြင်းသလဲမမေးနဲ့ အခုလည်း တစ်ခုခုကြံစည်နေလို့နောက်ကျနေတာနေမှာ သူတို့လာရင်မင်းသတိထားပြီးတုံ့ပြန်အုံးကြားလား... "
" ဟားဟားဟား.... "
သာမဏိမင်းမြတ်အော်ရယ်လေပြီ...။
ပွဲပေါင်းမြောက်မြားစွာနွှဲလာခဲ့သည့်မိမိကိုမှ အခုလိုသတိပေးစကားလာပြောသော မင်းမောင်ကိုကြည့်ကာ သာမဏိ ပြန်ပြောလိုက်သည်။
" မင်းကြောက်ချီးပါရင်အနောက်မှာနေ ရှေ့တက်မလာနဲ့... ငါက အဲ့ကောင်ဘာဖြစ်ဖြစ်စောက်ဂရုမစိုက်ဘူး ငါသေရင်သူလည်းသေရမှာပဲ... သဘောပေါက်လား... "
ပြောရင်း ခြေသလုံးအထိခပ်တိုတိုဝတ်ထားသည့်ကျောင်းလုံချည်ကို ပေါင်ရင်းအထိထပ်ဆွဲတင်ပြီးပေါင်ကြားထဲညှပ်ထားရင်း ထပ်ပြောလိုက်သည်။
" သာမဏိဆိုတဲ့ငါ့မှာ ကြောက်သွေးမပါဘူးဟျောင့်... မတော်တဆပါလာရင်တောင် ဖောက်ထုတ်လိုက်မယ်... "
" အေးပါကွာ... ကြောက်လှပါချည်ရဲ့... မင်းပဲတော်ပါတယ်ဟုတ်ပါပြီ... "
သာမဏိ၏အပြောကြီးမှု့ကို မင်းမောင်နားမခံနိုင်တော့တာကြောင့် ထိုကဲ့သို့ပြန်ပြောလိုက်ကာ စကားဖြတ်ပစ်လိုက်ပြီး သူတို့အဖွဲ့ထဲကသူတို့ထက် အတန်းငယ်တဲ့ကောင်လေး၂ယောက်နဲ့စကားသွားပြောနေလိုက်တော့သည်။
သာမဏိတို့အဖွဲ့မှာစုစုပေါင်း ကျောင်းသား၁၅ယောက်ရှိသည်။ သာမဏိလို့ဆိုလိုက်တာနဲ့ တစ်ကျောင်းထဲသားတွေတောင်ဖိန့်ဖိန့်တုန်အောင်ကြောက်ရလောက်သည်အထိ သာမဏိ၏အရှိန်အဝါသည်ကျောင်းသူကျောင်းသားများအပေါ်လွှမ်းမိုးမှု့ရှိပါ၏။
ကျောင်းမှာဆရာ ဆရာမတွေအားကိုးရတဲ့ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့သာမဏိ... ပညာရေးမှာလည်း အမြဲတမ်း အဆင့်၁ချိတ်သည့်စံပြကျောင်းသားဟုဆိုရလောက်အောင် တော်လွန်းသည့်သာမဏိလိုလူငယ်လေးက ဆရာ ဆရာမတွေရဲ့နောက်ကွယ် လူကြီးမိဘတွေနဲ့နောက်ကွယ်မှာ အဖွဲ့လိုက်အနိုင်ကျင့် မိုက်ကန်းနေသည်ဟုဆိုပါလျှင် မည်သူက ယုံကြည်နိုင်ပါမည်နည်း...။
YOU ARE READING
ကြွေ...ရင်း (Completed)
Fantasyတကယ်တော့ အချစ်ဆိုတာ... ခန့်မှန်းလို့မရတဲ့အရာပါပဲ...။ သူ့အပေါ်ချစ်မိသမျှ... ကြွေဆင်း... ကြွေရင်း... အကြိမ်ကြိမ်အခါခါသေရင်း...။