Part- 24

2K 147 2
                                    

Part- 24


" ဒါ မင်းတို့၂ယောက်တည်းအတူနေရမယ့်အိမ်ပဲဥဒါန်း... "

အိမ်အသစ်ကြီးရှေ့ရောက်တာနဲ့ သာမဏိကိုစကားတစ်ခွန်းမှမပြောဘဲ ဥဒါန်းကိုသာဦးစားပေးစကားပြောနေခဲ့သူ ဒေါ်ငုဝါ...။

" ဟုတ်ကဲ့...ကြီးကြီး... "

တစ်ယောက်ကပြော တစ်ယောက်ကပြန်ဖြေနှင့်အလုပ်ဖြစ်နေသော ဒေါ်ငုဝါနှင့် ဥဒါန်းကိုကြည့်ကာ သာမဏိ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။

တစ်ရက်တစ်မနက်တည်းနဲ့ ဒီလို ဆက်ဆံရေးမျိုးဖြစ်သွားကြပုံထောက်ရင် မနေ့ညနေက ဥဒါန်းကို အခန်းတံခါးဖွင့်ပေးလိုက်တာလဲ သူ့ကြီးကြီးဒေါ်ငုဝါပဲနေမှာ...။

ဘယ်လိုတောင်အဆင်ပြေနေမှု့ကြီးလဲ... မဟုတ်မှ ဥဒါန်းထိန်သာကပဲ လူတွေရဲ့စိတ်ကိုညှို့ယူနိုင်နေတာလား...။ သူ့ကိုမချစ်တဲ့သူတွေကိုချစ်သွားအောင်လို့လေ...။

ဥဒါန်းမှာအဲ့ဒီလိုအစွမ်းမျိုးရှိနေခဲ့ရင်တောင် ဥဒါန်းမညို့နိုင်တဲ့သူတွေထဲမှာ သူကထိပ်ဆုံးကပါမည်ထင်သည်။

အခုချိန်ထိ မုန်းလို့ကိုမဝနိုင်တာ... ချစ်မိလာဖို့ဆိုအဝေးကြီးပဲ...။

" ကြီးကြီးလည်းနော် တူအရင်းနဲ့သူစိမ်းကို အမှတ်မှားနေပြီထင်တယ်...အဟင်း... "

အမြင်ကပ်စွာရွဲ့ပြောလိုက်မိခြင်း...။

ဒေါ်ငုဝါဂရုမစိုက်...။ ဥဒါန်းလက်ကိုသာဆွဲကာ သူကိုယ်တိုင်ဒီဇိုင်းဆွဲပြီးဆောက်ထားတဲ့ နန်းတော်ကြီးတမျှခန်းနားသော အိမ်ကြီးထဲသို့ခေါ်ဆောင်သွားခဲ့သည်။

" သူပြောတာတွေအာရုံစိုက်မနေနဲ့... ဒီအိမ်မှာရှိတဲ့အရာတွေ အခန်းတွေငါအကုန်လိုက်ပြပေးမယ်... သေချာမှတ်ထားပေါ့... "

" ဟုတ်... ဟုတ်ကဲ့ ကြီးကြီး... "

ဥဒါန်းဒေါ်ငုဝါလက်ထဲကမရုန်းရဲ... သူရုန်းလိုက်ရင်စိတ်ဆိုးသွားမှာလည်းစိုးသည် ထို့ကြောင့်ဒေါ်ငုဝါခေါ်ဆောင်ရာကို အလိုက်သင့်လေးလိုက်ပါလာခဲ့လိုက်သည်။ သိပ်မကြာလိုက် အားကစားပစ္စည်းတွေအစုံအလင်ရှိနေသည့်ခန်းမကြီးတစ်ခုအတွင်းသို့သူရောက်လာခဲ့သည်။

ကြွေ...ရင်း (Completed) Donde viven las historias. Descúbrelo ahora