(unicode)
ကျွန်တော့်နာမည် ရိရှောင်ချီပါ ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ ကျွန်တော်က တရုတ်နိုင်ငံရဲ့ အကြီးဆုံးဆေးရုံကြီးမှာ တာဝန်ကျနေပါတယ်...
တနေ့တော့ ကျွန်တော့်ဆီ လူနာတစ်ယောက်ရောက်လာခဲ့တယ်...ရှောင်ချီ…ဆရာမ ဒီလူနာကဘာဖြစ်တာလဲဗျ
Nurse...ကျွန်မလဲသေချာမသိပါဘူး ဆရာရယ် ဒါပေမဲ့ သူ့မိဘတွေ ပြောတာက လူနာကအမြဲတမ်းခေါင်းကိုက်နေတတ်တယ်တဲ့
ရှောင်ချီ…ဟုတ်လား ဒါဆို ဒီcaseကို ကျွန်တော်ကိုင်လိုက်မယ် လူနာရဲ့မိဘတွေကိုစိတ်မပူဖို့အကြောင်းကြားပေးပါ
Nurse…ဟုတ်ကဲ့ အကြောင်းကြားလိုက်မယ် ဆရာ
ရှောင်ချီ…ကျေးဇူးပါပဲ ဆရာမ
ရှောင်ချီ လူနာကိုကြည့်ရင်းစိတ်ထဲမှာ ဒီလူနာတော်တော်ချောတာပဲလို့ တွေးလိုက်လေသည်
ရှောင်ချီ…wait!what? ငါဘာတွေတွေးနေတာပါလိမ့် ငါ့အလုပ်က လူနာကိုသက်သာပျောက်ကင်းအောင်ကုရမှာလေ..
ဒါပေမဲ့ ပိုင်ယူရီဟာ မေ့နေတာ3ရက်မကတော့ပါဘူး..အခုထိလည်း သတိပြန်မလည်လာသေးပါဘူး
နောက်တစ်နေ့ရောက်တော့ ရှောင်ချီ ယူရီ့အခန်းထဲဝင်လာတုန်း အသံတစ်သံကြားလိုက်ရသည်
ယူရီ…ရေ ရေ ရေးပေးပါ ဆိုပြီး အသံကြားလိုက်ရသည်..အဲ့ဒီအချိန် ရှောင်ချီဟာ ပြေးသွားလိုက်ပြီး ယူရီ့ကိုပွေ့ကာ
ရှောင်ချီ…ရော့ ရော့ ရေသောက် ဖြေးဖြေးသောက်နော် ဟူဆိုကာတိုက်လေသည်
(ကျော်မယ်ခွမယ် 😁)
နောက်တစ်နေ့ရောက်တော့ ယူရီဟာ ကောင်းစွာသတိရနေပြီဖြစ်သည်
ရှောင်ချီ…ဆရာမရေ လူနာ့မိဘတွေကို အကြောင်းကြားလိုက်ပါဦး သတိရလာပြီလို့
Nurse…ဟုတ်ကဲ့ ဆရာ
ရှောင်ချီ ယူရီ့ဘက်လှည့်လိုက်ပြီး
ရှောင်ချီ…မင်းနဲ့တောင်မိတ်မဆက်ရသေးဘူး ကိုယ့်နာမည်က ဟုပြောမလို့ရှိသေးသည်
ယူရီ…ခင်ဗျားကဘယ်သူလဲ..ကျွန်တော်ကရော ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ
YOU ARE READING
❤ကတိုက်ကရိုက်အချစ်❤(U+Z)