Part 2🌺

13 3 0
                                    

(unicode)

​ရှောင်ချီ...ယူရီ မင်း ဗိုက်ဆာနေပြီလား ကိုယ် မင်းအတွက် မနက်စာဝယ်ထားတယ် စားလိုက်ဦးနော် ဟုဆိုပြီး အထုပ်လေးကိုလက်ထဲထည့်ပေးလိုက်လေသည်

ယူရီ...ကျေးဇူးပါပဲဗျာ ကျွန်တော်ဗိုက်ဆာနေတာကြာနေပြီ လို့ပြောရင်း အငမ်းမရ ပလုတ်ပလောင်းစားတော့ သည်းလေသည်

​ရှောင်ချီ...ဖြေးဖြေးစားပါကွာ မနက်စာက ဘယ်မှထွက်မပြေးပါဘူး ပြီးတော့ ကိုယ်ကလဲလုမစားပါဘူးကွာ ဟုဆိုကာ ရေခပ်တိုက်လေသည်

ယူရီ...ကျေးဇူးပါဗျ ခဗျားက ကျွန်တော့အပေါ် အရမ်းကောင်းတာပဲ ကျွန်တော့မိဘတွေတောင် ခဗျားလောက်ကျွန်တော့အပေါ်မကောင်းကြဘူးဗျာ ဟုပြောရင်း မျက်ရည်တွေကျလာပြီး ငိုလေသည်

​ရှောင်ချီ...မငိုနဲ့ မငိုနဲ့ တိတ် တိတ် ဟု ဆိုကာ ရင်ခွင်ထဲထည့်ပြီး ခေါင်းလေးကိုပွတ်ကာ နှစ်သိမ့်လေသည်

ခဏကြာတော့ ယူရီ့ဆီက ငိုသံရော ရှုိက်သံပါ ပျောက်သွားလေသည် ဘာဖြစ်တာလဲ ကြည့်လိုက်တော့ ယူရီဟာ ​​ရှောင်ချီ ရင်ခွင်ထဲမှာ အိပ်မောကျနေလေသည် အာ့တာနဲ့ ​ရှောင်ချီလဲ ယူရီကို ကုတင်ပေါ်မှာ လှဲလိုက်ပြီး စောင်ခြုံပေးလိုက်လေသည်

နေ့လည်ရောက်တော့ ယူရီဆီ လူတွေအများကြီးရောက်လာလေသည်

ယူရီ...မင်းတို့ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ငါဒီမှာ ရှိတာကိုရော ဘယ်လိုသိတာလဲ ဟု မေးတော့

​ရှောင်ချီ... ကိုယ် ပြောပြလိုက်တာပါ သူတို့ပြောတော့ မင်းသူငယ်ချင်းတွေဆိုလို့ ပြောလိုက်တာ ဟု ပြန်ဖြေလေသည်

ယူရီ...မင်းတို့ ဒီနေ့တော့ ပြန်လိုက်တော့ ငါအေးဆေးနားခထင်လို့ မနက်ဖြန်မှ လာခဲ့ကြလို့ ပြောလိုက်တော့ အကုန်လုံးနှုတ်ဆက်ကာ ပြန်သွားလေသည် ​ရှောင်ချီလဲ အပြင်ပြန်ထွက်ဖို့ပြင်တော့

ယူရီ...ခင်ဗျားနေခဲ့ ခင်ဗျားကို ကျွန်တော် ပြောစရာရှိသေးတယ်

​ရှောင်ချီ... ဘာပြောမလို့လဲ ယူရီ

ယူရီ...ခင်ဗျား သူတို့ကို ဘာလို့ဝင်ခွင့်ပေးလိုက်တာလဲ

❤ကတိုက်ကရိုက်အချစ်❤(U+Z)Where stories live. Discover now