Part - 2

15 1 0
                                    

Unicode

" အရုပ်လေး ခင်ဗျား ဘယ်သူ့ကိုခေါ်လိုက်တာလဲ "

" အခုစကားပြောနေတဲ့အရုပ်လေးကိုခေါ်လိုက်တာလေ "

" ဟမ်း ကျွန်တော်လား ကျွန်တော်နာမည် အရုပ်ကလေးမဟုတ်ဘူး ရောင်ခြည်ပျို ခင်ဗျားနာမည်ကော "

သူ့နာမည်အား စဥ်းစားလိုက်စဥ် ထိုးကိုက်လာသည့်ခေါင်းကြောင့် မည်သည့်အရာမျှစဥ်းစား၍ မရနိုင်တော့ပေ။

" တော်ပြီး မစဥ်းစားနဲ့တော့ ခင်ဗျားနာမည်ကို အင်း ... "

စဥ်းစားနေစဥ် ရောင်ခြည်တစ်ယောက် သူ၏ပါးအား ဆွဲခံလိုက်ရသဖြင့် နာသွားသည့်ပါးအားပွတ်ပြီး မျက်ထောင့်နီဖြင့်ကြည့်လိုက်သောအခါ သူ့အား ရီးပြနေသော လူနာအကောင်းစားကြီး

" ခင်ဗျားကြောင့် နာသွားပြီး "

ပြောပြီးသည်နှင့် ရွှတ်ဆိုသည့်အသံနှင်အတူ ရောင်ခြည်၏ ပါးလေးတစ်ဖက်နွေးထွေးသွားသည်။

" ခင်ဗျား ... "

ရောင်ခြည်တစ်ယောက် ပြောစရာစကားများ ပျောက်ရှသွားတော့သည်။

" အဟမ်း ခင်ဗျားကို ခူးခူးလို့ခေါ်မယ် ok လား "

" အင်း ကြိုက်တယ် "

" ဘာ!! "

" ပျိုပေးတဲ့ နာမည်ကို ကြိုက်တယ်လို့ "

" ပျို ... "

" အင်း ကိုယ်မင်းကို ပျိုလို့ဘဲခေါ်မယ် "

" သဘောဗျာ ကြိုက်သလိုခေါ် "

တစ်ပတ်ဆိုသည့် အချိန်ကာလအတွင်း ရောင်ခြည်ပျိုနှင့် ခူးခူးတို့နှစ်ယောက်မှာလည်း ခင်မင်ရင်းနှီသွားကြသည်။ အများအမြင်မှာပေါ့။ ခူးခူးမှာတော့ ရောင်ခြည်အား အနားမှတစ်ဖဝါးမခွာ သံလိုက်၏ ဆွဲငင်အားလိုမျိုး လိုက်ကပ်နေတတ် သည်။

ဖေဖေမှာတော့ ကျွန်တော်တို့နှစ်ယောက်အား ကြည့်ပြီး မည်သည်မျှမပြော ပြုံးလို့သာကြည့်နေတတ်သည်။

၃ လခန့်ကြာသောအချိန်တွင် ​ပြောင်းလဲသွားသည်မှာတော့ ပျိုနှင့်မောင်တို့ ချစ်သူဖြစ်သွားခဲ့ကြသည်။ မောင်ဆိုတာက ခူးခူးသာဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်အကြောင်းကို ဖေဖေလည်းသိသည်။ ဖေဖေ၏ ကျန်းမာရေးကြောင့် ပျိုနှင့် မောင်တို့နှစ်ယောက်အကျဥ်းရုံးလက်ထပ် ခဲ့ကြသည်။

You've reached the end of published parts.

⏰ Last updated: Feb 16, 2022 ⏰

Add this story to your Library to get notified about new parts!

လုလင်ပျို၏ အချစ်စစ်Where stories live. Discover now