5

1.4K 82 9
                                    

Recommended Song
\ Ed Sheeran - Perfect /

ကြည်ပြာရောင် နှစ်ထပ်တိုက်ပုလေး၌
ခြူလုံးသံ တချွင်ချွင်သည် ငြိမ့်ငြောင်း
သာယာစွာ မြည်ဟီးနေ၏ ။ စိမ်းစိုစို
မြက်ခင်း‌ထက်၀ယ် သစ်သားဒန်းလေး
သည် အခိုင်အမာ တည်ရှိနေပြီး အစီအရီ
စိုက်ပျိုးထားသည့် ပန်းပင်တို့မှ ရနံ့
ထွေထွေသည် ထုံသင်းကြိုင်လှိုင်မွှေးပျံ့
လျက် ရှိနေသည် ။

" ဟား .. သည်းငယ် "

ခြေအိတ်မ၀တ်ချင်သဖြင့် တစ်အိမ်လုံး
အနှံ့ ပတ်ပြေးနေသူအား ခြေအိတ်ကိုင်၍
လိုက်ဖမ်းရသည် ။

" ကစားတာ တော်လောက်ပြီ "

ခြေလှမ်းတို့အား အရှိန်တင်လိုက်ပြီး
ကိုယ်လုံးအိအိကို ပုခုံးပေါ် ကောက်တင်
လိုက်သည် ။ ရုန်းချင်နေသေးတာကြောင့် တင်ပါးတစ်ဖက်ကို ခပ်ဆတ်ဆတ် ရိုက်ပစ်မှ အင့်ကနဲ အသံထွက်ကာ ငြိမ်ကျသွား၏ ။ ကုတင်ပေါ် အသာချပေးတော့ ထောင့်သို့ တိုးကပ်သွားသည် ။ မျက်လုံးလှန်ကြည့်လိုက်မှ မျက်နှာလေးမဲ့ကာ
ခြေထောက်နှစ်ဖက်ကို ဖက်ကနဲ သူ့ပေါင်ပေါ် ပစ်တင်၏ ။

သည်းငယ်ဖြစ်ချင်သည်မှာ လူက ထောင့်
ကပ်နေပြီး ခြေအစုံကိုသာ သူ့ဘက်ရှိစေချင်တာ ဖြစ်သည် ၊ သို့သော်ငြား ခြေတံတိုသူမို့ မွေ့ရာထံ လက်ထောက်၍ မရမက ကုတ်တွယ်ထားရ၏ ။ ကြိတ်ရယ်လို့သာ ယုန်မွှေးခြေအိတ် အပြာဖျော့ဖျော့လေးကို စွပ်ပေးလိုက်သည် ။ အသံထွက်ရယ်လို့
မဖြစ် ကောက်တေးအဆင့်မှ ရစ်လုံးအဆင့်သို့ ပြောင်းလဲသွားလိမ့်မည် ။

စိတ်ကောက်နေသူ၏ ခြေအစုံသည် သူ့
ဟူဒီအတွင်းထဲသို့ ( တိတိကျကျ ပြောရ
လျှင် ) ၀မ်းဗိုက်မှ ဆန်တက်ကာ ရင်ဘတ်
ပိုင်း၌ တည်ရှိနေသည် ။ စိတ်သွားတိုင်း ကိုယ်မပါ ဟူသော ဆိုရိုးအား သရုပ်ပြသွားသူကြောင့် ခပ်သော့သော့ ရယ်မိတော့သည် ။

" ဟေး ကောက်တေး "

မကြားချင်ယောင်ဆောင်နေသူက
တီဗီ အကြည့်မပျက် ။

" ရွှတ် ! ရွှတ် !
ဟိတ် ရစ်လုံး "

နှုတ်ခမ်းဖူးကို ဖိကိုက်နေရာမှ
လက်သီးဆုပ်လေးက တင်းခနဲ ။

𝑀𝑎ℎ𝑜𝑔𝑎𝑛𝑦 𝑀𝑒𝑙𝑜𝑑𝑦 Where stories live. Discover now