8

708 53 5
                                    

မတိုင်မီ ကာလများ၌
( ရည်းစားဖြစ်ခါစ အခိုက်အတန့်များကို
ဆိုလိုသည် )

နွားနို့နှင့် ဖျောထားသည့် အသီးခြောက်
တချို့ကို အိပ်ချင်မူးတူးဖြင့် တမြုံ့မြုံ့ဝါးနေလိုက်၏ ။ ကနုတ်က နွားနို့ချည်းသက်သက်သာ မကြိုက်တာ ယခုလို အရောကလေးတွေတော့ စားလေ့ရှိသည် ။ ရံဖန်ရံခါ ထမင်းပူပူကို နွားနို့ပူပူဖြင့်လည်း ဆမ်းစားတတ်သည် ။

အချိန်က ဆယ်နာရီကျော်ကျော်ဖြစ်ကာ
အိမ်မှာဘယ်သူမှမရှိ ။ မင်္ဂလာဆောင်တစ်ခုသို့ ဖေဖေနှင့်မေမေအပြင် ကိုကိုကြီးပါ လိုက်သွားသဖြင့် သူအိမ်စောင့်ကျန်ခဲ့ရသည် ။

Humm ... Home Alone !

မှေးနေသော မျက်လုံးများက ပွင့်လာသည် ။ တံခါးမကြီးကို အပြေးအလွှား သွားစစ်တော့ ချက် (ဂျက်) ချထား၏ ။

" ဟူး "

အဲ ၀န်းတံခါး !
ပျံလွှားငှက်ကလေးလို ခြံထဲဆင်းသွားပြန်
သည် ။ ဖောက်ထွင်းသူတွေအကြောင်းကို
home alone series မှာ မျက်မြင်တွေ့ဖူးထားပြီ မဟုတ်လား ပေါ့ဆလို့မဖြစ်ချေ ။

ကပျာကယာလေး အိမ်ထဲမှ ပြေးထွက်လာတဲ့ သည်းငယ်ကြောင့် မဟော့်ခြေလှမ်းတွေ စုံရပ်သွားသည် ။ သူ့ကိုမြင်တော့ ခဏမျှ ဝိုင်းဝိုင်းကလေးကြည့်ပြီး ဆက်ပြေးလာပြန်၏ ။ တရွေ့ရွေ့ လှိမ့်လာပုံက ပူစီဖောင်းကလေး လွင့်လာသည့်နှယ် ။

" ကိုကို ကိုကို "

အူယားစရာကောင်းအောင် နှစ်ခါခေါ်၍
သူ့နောက်ကို ချောင်းကြည့်သည် ။

" ဗျာ ဗျ "

" ဖေဖေ့ကိုပြောပြီးလေ ခြံတံခါး ထပ်မြှင့်
ရမလား မသိဘူးနော် "

" ဘာလို့လဲ "

ခြံတံခါးကို စူးစူစမ်းစမ်း ကြည့်နေ၍ သူပါ
လိုက်ကြည့်မိသည် ။ သူ့ဘာသာနေတဲ့
သံတံခါးက ဘာဖြစ်လို့ပါလိမ့် ...

" ဘာလို့ ဘာလို့လဲလို့ မေးတာလဲ "

မျက်ရှုကလေး မျက်မှောင်ကြုတ်သွားသဖြင့် သူခေါင်းနားပန်းကြီးသွားသည် ။

" ကိုကိုက အဲ ကိုကိုက "

မိမိကိုယ်ကိုယ် ကိုကိုဟု နာမ်စားသုံးသည်မှာ သုံးချိန်သာ ရှိသည် ။

𝑀𝑎ℎ𝑜𝑔𝑎𝑛𝑦 𝑀𝑒𝑙𝑜𝑑𝑦 Where stories live. Discover now