(zawgyi)
2. 7. 2020.
တစ်နေကုန် မိုးတဖွဲဖွဲနဲ့ ညှို့မှိုင်းနေတဲ့ ခါတိုင်းနေ့တွေလို မဟုတ်ဘဲ ဘာတိမ်တိုက်မှမရှိ၊ ကောင်းကင်ပြာကြီးကို ကြည်ရှင်းစွာ မြင်ရတဲ့ နေ့လေး။
အခြားထူးခြားတာ ဘာမှမရှိတဲ့ သာမန်နေ့လေး တစ်နေ့ပါပဲ။
ဒါပေမယ့် ကျွန်တော့်ရဲ့ 'book o'clock' ဆိုတဲ့ စာအုပ်ဆိုင်လေးမှာ လောလောလတ်လတ် အသစ်ထွက်ထားတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကို 50% sales ချနေတာက လွဲလို့ပေါ့။
ဝတ္ထုသာဆိုတာ တကယ်က နာမည်ကြီး online fiction တစ်ခုကို စာအုပ်ထုတ်ထားတာပါ။
နာမည်လေးက 'can't say no to the president' တဲ့။ ကျောင်းသားနှစ်ယောက်ကြားက toxic relationship အကြောင်း ဖော်ပြထားတဲ့ စာအုပ်လေး . .
လူငယ်တွေ ကြိုက်ကြတာ လွန်ရော။
မနေ့ညကမှ website ပေါ်မှာ sales ချမယ့် အကြောင်း တင်ထားတာ၊ မနက်ကျ စာအုပ်ဆိုင် မဖွင့်ခင်ကတည်းကပင် ဆိုင်ရှေ့မှာ တန်းစီပြီး လာစောင့်နေကြတယ်လေ။
ကျွန်တော် ကိုယ်တိုင်ကလည်း အပိုင်း(1) နဲ့တင်
အဲ့ fic လေးကို ကြိုက်လွန်းလို့ online ပေါ်မှာ တစ်ပိုင်းချင်း ထွက်ကတည်းက စောင့်ဖတ်ခဲ့တာဆိုတော့ တစ်အုပ်လောက် ယူမလားလို့ ကြံပါတယ်၊ ဆိုင်ဖွင့်ပြီး တစ်နာရီလောက်လည်း ကြာရော စာအုပ်အဖုံးပြဲနေတဲ့ copy တောင် မကျန်၊ အကုန် ကုန်သွားခဲ့ပြီ။အဲ့လို ကိုယ့်ဘာသာကို ကြိုမယူထားမိဘဲ၊ စာအုပ် မရလိုက်လို့ လောင်နေပါတယ်ဆို . . အရေးထဲ ဝယ်သူတစ်ယောက်က လာရစ်နေသေး၏။
"စာအုပ်ဆိုင်ဖြစ်ပြီး copy တွေကို လုံလုံလောက်လောက် မတင်ထားဘူးလား! ဘယ်လို စာအုပ်ဆိုင်လဲ? copy က အနည်းဆုံး 200 လောက် ရှိရမှာပေါ့!"
အထက်တန်း ကျောင်းသားတစ်ယောက်ကလည်း စာအုပ်မရလိုက်လို့ ငွေရှင်းကောင်တာမှာ ကျွန်တော့်ကို အော်ဟစ်ပြီး ရန်တွေ့နေခြင်း။
"ကျွန်တော်တို့ စာအုပ် copy ကို 300 အထိ တင်ထားပါတယ် ညီလေး။ အခုတင် ညီလေးရှေ့မှာ ဘယ်နှယောက်လောက် တန်းစီပြီး ဝယ်သွားလဲဆိုတာ ညီလေးလည်း တွေ့မှာပါ။ လောလောဆယ်တော့ စာအုပ်က out of stock ဖြစ်သွားပါပြီဗျ။ နောက်နှစ်ပတ်ကြာရင်တော့ stock ပြန်ဝင်ဖို့ ရှိပါတယ်"
YOU ARE READING
addicted to {renmin}
Fanfiction[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) စွဲလမ်းမှုဆိုတာ . . စာအုပ်တွေကနေ စတင်ခဲ့တာ။ (unicode) စွဲလမ်းမှုဆိုတာ . . စာအုပ်တွေကနေ စတင်ခဲ့တာ။ 》a mini fiction (valentine's day gift #1) main: renmin language: burmese start: 15.2.2022 end: 15.2.2022