Epilogue

296 52 4
                                    

(zawgyi)

29. 10. 2020.

"ကျေးဇူးတင်ပါတယ်ဗျ။ ကောင်းသောနေ့လေး ဖြစ်ပါစေ"

နောက်ဆုံးဖြစ်တဲ့ ဧည့်သည်ကို ငွေရှင်းပေးပြီးတော့မှ သက်ပြင်း အရှည်ကြီးချမိ၏။

ဒီနေ့လည်း ဆိုင်မှာ 50% sales ရှိလို့ မနက်ကတည်းကပင် အခုထိ လူတွေက တစ်နေကုန် အပြည့်၊ ကောင်တာကနေကို မခွာရတာ၊ အခုမှပဲ နားရသည်လေ။

မှန်ပြတင်းပေါက်လေးကို တစ်ချက် လှမ်းကြည့်မိတော့ ကောင်းကင်ပြာကြီးကလည်း ဝါရင့်ရောင်သန်းနေပြီ။

နေတောင် ဝင်သွားပြီပေါ့။

ဒီအချိန်လောက်ဆို Italy မှာရော နေဝင်လောက်ပြီလား?

သူရော ဘာတွေများ လုပ်နေလောက်မလဲ မသိဘူး?

ဆိုင်ပိတ်တော့မယ့် အချိန်ဆို ဖြေပေးမယ့်သူ မရှိတဲ့ မေးခွန်းတွေကိုလည်း သူ သွားကတည်းက အခုထိ မေးနေမိဆဲပါပဲ။ 

တစ်နေဝင် တစ်နေထွက်နဲ့ သူ့ကို စောင့်နေခဲ့တာ ဘယ်နှရက် ရှိနေပြီလည်းဆိုတာ ကျွန်တော်လည်း အတိအကျ မသိတတ်တော့ပါဘူး။

သတိရတယ် Jaemin.

ကျွန်တော်ကလည်း အရူး။

သူ မသွားခင် ဖုန်းနံပါတ်လေးဖြစ်ဖြစ် တောင်းခဲ့ပါလား။ အဲ့လိုဆို ဒီလောက်ထိ လွမ်းနေမိမှာ မဟုတ်ဘူးလေ။

ဝဲတက်လာတဲ့ မျက်ရည်တွေကို မကျအောင် မနည်းထိန်းရင်း ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်ဖို့သာ ပြင်လိုက်ပါသည်။

ဒါပေမယ့်လည်း မငိုပါဘူးဆိုမှ ဆိုင်တံခါး ပိတ်မလို့ အပြင်ထွက်လာတော့ အထဲဝင်မလာဘဲ တံခါးဘေးက အုတ်နံရံလေးကို မှီပြီး ရပ်စောင့်နေတဲ့သူကြောင့် ခုနက ထိန်းထားသမျှ မျက်ရည်တွေက ဒလဟော စီးကျလာ၏။

"Injunie . . မတွေ့ရတာ ကြာပြီနော်"

သူ့အသံလေးကို ကြားရတဲ့အခါမှာတော့ ကျွန်တော်လည်း မူမနေနိုင်တော့၊ သူ့ကို ချက်ချင်းပင် ပြေးဖက်မိပါသည်။

"Na Jaemin! လူဆိုးကောင်! ဖုန်းနံပါတ်ပဲ ဖြစ်ဖြစ် ပေးခဲ့ပါလား! ပြောတော့ နှစ်လဆို! အခု ဘယ်နှလလောက် ရှိနေပြီလဲ သိရဲ့လား! လူကို ဘယ်လောက်တောင် စောင့်ခိုင်းနေတာလဲ!"

addicted to {renmin}Where stories live. Discover now