Part(1)

7.8K 220 1
                                    

((uni))

"အစ်ကို ထားကတော့ တခေတ်လေးကို မွေးစားရင်ကောင်းမလားလို့"

ညစာထမင်းစားပွဲတွင် ဒေါ်သက်ထား၏ စကားသံပျံ့လွင့်လာမှုကြောင့် အားလုံး၏အကြည့်များသည် ဒေါ်သက်ထားဆီသည်သာ စုပုံလာ၏။ ခင်ပွန်းဖြစ်သူထံမှ ခွင့်ပြုချက်ရရန်အလို့ငှာ ဒေါ်သက်ထားစောင့်စားနေမိသည်။ သို့သော် ထွက်ပေါ်လာသည့် ခပ်သြသြ ခပ်ပြတ်ပြတ် အသံတစ်ခုသည် ဦးသော်တာထွဋ်ခေါင်ဆီမှ မဟုတ်ပါဘဲ ဒေါ်သက်ထားနှင့် မျက်နှာချင်းဆိုင် ဘက်တွင်ထိုင်နေသူ ဝဠာထွဋ်ခေါင် ဆီမှသာ။

ဒေါ်သက်ထားသည် အသက်လေးဆယ့်ရှစ်နှစ်ရှိပြီး အသားဖြူဖြူ၊ မျက်ခုံးကောင်းကောင်း၊ ဖြောင့်တန်းနေသော နှာတံအောက်ဘက်ရှိ နှုတ်ခမ်းဖူးဖူးလေးတွေကို ပိုင်ဆိုင်ထားသူသာဖြစ်သည်။ ခန္ဓာကိုယ်အကောက်အကွေ့ လှသူဖြစ်သလို မြန်မာဆန်ဆန် ချည်သားဝမ်းဆက် ရင်ဖုံးနှင့်ထဘီများကိုသာဝတ်ဆင်လေ့ရှိသည်။ အလှချင်းတူလျှင်တောင် ယဥ်သူကသာ၏ ဆိုသလို ဒေါ်သက်ထားသည် ယဥ်ယဥ်လေးနှင့် လှလွန်း၏။

ဦးသော်တာထွန်ခေါင်သည်လည်း အသက်ငါးဆယ်ရှိပြီဖြစ်သော်လည်း နုပျိုဆဲ ၊ဖြူဝင်းသောအသားအရည်နှင့်အညီ မြင့်မားသော အရပ်ကိုလဲပိုင်ဆိုင်ထားသူဖြစ်သည်။ Hotelများစွာပိုင်ဆိုင်ထားပြီး The Universe groupရဲ့ CEOဖြစ်သည်။ စည်းကမ်းကြီးသူဖြစ်သလို စိတ်ဆတ်လွန်းခြင်းသည် ဦးသော်တာလို သွေးတိုးရောဂါရှိသူအဖို့ အဟဇာသ မဖြစ်။

"ရှေးတခေတ်ကို မွေးစားဖို့ပြောနေတာလား မေမေ၊ သားလုံးဝသဘောမတူဘူးနော်"

ဝဠာထွဋ်ခေါင်ဆိုသည်မှာ ဘုကလန့် တိုက်ရမှကျေနပ်လေသလားမသိ။ ရုပ်ကလေးချောသလောက် ချေမိုးနေတတ်သည်သာမက တစ်အိမ်လုံးကို သူကရှာကျွေးထားရသလို ဆက်ဆံသည်။ မိဘနှစ်ပါးလုံး၏ ချောမောမှုအမွေတွေကိုလည်း အပြည့်အဝရထားသည်ကြောင့် အသားအရည်ဟာလည်း ဖြူလွန်းသလို အရပ်ဟာလည်း ဖခင်ဖြစ်သူ ဦးသော်တာထက် ခေါင်းတစ်လုံးသာနေပြန်သည်။ မျက်ခုံးထူထူတွေက နက်မှောင်နေပြီး နှာတံထင်းထင်း နှင့် နှုတ်ခမ်းဖူးဖူးလေးကတော့ မိခင်ဖြစ်သူဆီမှ မွေးရာပါ လက်ဆောင်လေးသာ။

my universeWhere stories live. Discover now