Part(3)

1.5K 134 6
                                    

((uni))

ဝဠာရဲ့ နံနက်ခင်းကတော့ စာတွေ၊ ကဗျာတွေထဲကလို့ ကျေးငှက်တို့ရဲ့တေးသီသံလည်းမကြားရသလို၊ နံနက်ခင်းနေရောင်ဟာလဲ အခန်းပြတင်းကနေ ထိုးဖောက်ဝင်ရောက်လာနိုင်မှုမရှိပါ။

အိပ်ယာဘေးမှ ဖုန်းကိုယူပြီး နာရီကြည့်လိုက်တော့ ခုနစ်နာရီထိုးဖို့ ဆယ်မိနစ်သာလိုတော့သည်။ ဖုန်းကိုပြန်ချရင်း ထထိုင်လိုက်တော့ မနေ့ညက အကြောင်းများဟာ ခေါင်းထဲအစီအရီ။ မနေ့က 'တည်ရာ' တိုက်ခန်းမှာအိပ်ဖို့လုပ်ပေမဲ့ အကြောင်းအရင်းမရှိ အိမ်ပြန်လာမိသည်။ အကျိုးဆက်အနေနဲ့ကတော့ ဟိုလူနှင့် ရန်ဖြစ်ရသည်သာ။

ဝဠာ အသက်နှစ်ဆယ်ပြည့်မွေးနေ့ညမှာ ဟိုလူ ကိုယ့်ကိုသဘောကျကြောင်း ဝန်ခံခဲ့စဉ်က အံ့သြလွန်း၍ စကားတောင်ပြန်မပြောနိုင်တော့သည်အထိ၊ ဒီလူရူးနေသလားလို့တောင် တွေးမိသည် ယောက်ျားချင်းကို ဘယ်လိုကြိုက်လို့ရလဲဆိုတာ တွေးမရ၊ စဉ်းစားရင်း ကျောတောင်ချမ်းလာသလို၊ မစဉ်းစားတာဘဲ ကောင်းတယ် အဲလူ ရူးနေတာဘဲနေမှာ။

ဝဠာ အောက်ထက်ဆင်းလာတော့ နံနက်စာစားပွဲတွင်လူစုံနေပြီဖြစ်သည်။ ဖေဖေက စည်းကမ်းကြီးသည် နံနက်စာကိုတော့ မျက်နှာစုံညီစားစေသည်။ တစ်မျက်နှာတိုးလာတာကလွဲလို့ ဝဠာအတွက် ပုံမှန်သည်သာ။

all black suitနဲ့ ဒီလူက ရုံးသွားမှာလား။ ဝါညက်ညက်နဲ့ ဖြူတဲ့ဘက်ကိုသွားတဲ့အသားအရေက သူများတွေ ပြောသလို ရွှေရောင်သန်းနေတယ်ဆိုတာမျိုး။ မျက်းခုံးတန်းတန်းတွေက အရမ်းကြီး ထူမနေသော်လည်း ခြယ်သထားတဲ့ အမျိုးသမီးတွေထက်တော့ ကြည့်ကောင်းနေသလို။ နှာတံ ဆင်းဆင်းလေးကတော့ အဲလူ မျက်နှာတစ်ခုလုံးမှာ အလှဆုံးထင်ပါရဲ့၊ နှုတ်ခမ်းတွေကတော့ လိုတာထက် ပိုရဲနေတာက ဒီလူ့မျက်နှာတစ်ခုလုံးမှာ အဆိုးဆုံးအစိတ်အပိုင်းသာဖြစ်မည်။ ဖြတ်ထုတ်ပစ်ချင်လောက်အောင်အထိ အဲနှုတ်ခမ်းတွေကို စိတ်ပျက်မိ၏။ ဒီလိုလူက ကိုယ့်ကို ကြိုက်သည်တဲ့လား။

ကိုယ့်အကြည့်တွေကြောင့် ခေါင်းငုံ့သွားတဲ့ ဟိုလူ့ပုံစံက ဝဠာ့အတွက်တော့ ကျေနပ်စရာအတိ။

my universeWhere stories live. Discover now