အခန်း ၃

223 23 3
                                    

Unicode

"သက်ညိုလေးရေ အရေးပိုင်မင်းကြီးကို ထမင်းစားသွားခေါ်ပါအုံးကွယ် နေ့လည် တစ်ချက်တီးပေရော့မယ်"

"ဟာဗျာ မေကြီးကလည်း သူ့ဟာသူလာစားပါစေပေါ့"

မေကြီးက ဟိုလူကြီးထမင်းသုံးဆောင်ဖို့အရေး သက်ညိုကို သွားခေါ်ခိုင်းနေခြင်းပင်။ အလကားလည်းကျွေးရသေးတယ်။ တကူးတကတော့ သွားမပင့်နိုင်။ သူ့အိမ်တော် ထမင်းချက်က ရွာပြန်သွားသည်ဆိုပဲ။ ဦးဇေယျဂုဏ်ထင်က ထိုရွာပြန်သွားတဲ့ အဒေါ်ကြီးချက်တဲ့ဟင်းမှမဟုတ်ရင် မေကြီးချက်တာသာ စားချင်ပါသည်လို့ ပြောဖူးတယ်တဲ့လေ။ ဟွန်း ကြီးကျယ်လိုက်တာ။ ဘယ်သူချက်ချက် စားကောင်းရင်ပြီးရောမလား။ သူ့လို အကုန်သိ အကုန်တတ် လူကြည်ညိုတဲ့ အရေးပိုင်မင်းကြီးမှာ အခြွအရံဆိုတာ ရိုက်သတ်လို့တောင် ကုန်မည်မဟုတ်။

ဘာတွေတွေးပြီး မျက်နှာတော် မဲ့နေသလဲ မေ့သက်ညိုလေးရယ်။ ထမင်းချိုင့်ပို့တာကျ သာမန်ဝန်ထမ်းတွေအတွက်ပဲ သင့်တော်တာ။ သူကအရေးပိုင်မင်းကြီးမို့ အိမ်ဖိတ်ကျွေးတဲ့ သဘောပါသားရယ်။ မောင်သူရက အလုပ်စားပွဲထိုင်ပြီးရင် ထတာမဟုတ်ဘူး။ ထမင်းမေ့ဟင်းမေ့ကွဲ့။
သွားခေါ်ရင်ကျ အားနာပါးနာနဲ့ ထလိုက်ခဲ့တာမို့ ထမင်းစားဖြစ်သေးတယ်လေ။ မဟုတ်ရင် အဲ့ကလေးက ထမင်းစားဖြစ်မယ့်ပုံမပေါ်ဘူး။ သူက မေကြီး ထမင်းခေါ်ကျွေးမှာ အားနာလို့ သူ့ထမင်းချက် အိမ်ပြန်သွားတာတောင် ပြောတာ မဟုတ်ဘူးသားရဲ့။ မေကြီးက ပုဂံတစ်မြို့လုံး အပ်ကျတာကအစ သိလို့သာပေါ့။

မေကြီးရဲ့ ပိုပိုသာသာ အပြောကြောင့် သက်ညိုနှုတ်ခမ်းလေး စူသွားရသည်။ ကြာကြာဆက်နေလျှင် ထိုအရေးမင်းကြီး၏ ဂုဏ်သတင်းများသာ ဆက်လက်နားထောင်ရဖွယ် ရှိပေသောကြောင့်၊ ထိုအမျိုးကောင်းသားက သွားမပင့်လျှင် ကြွတော်မူမည့်ပုံမပေါ်သောကြောင့် နောက်ဆုံးတွင် ဟောဒီက မိုးသက်ညိုလေးကသာ အနစ်နာခံ အဲလေ အချိန်ကုန်ခံပြီး သွားကြိုရပေတော့မည်။

အရေးပိုင်မင်းရုံးတော်နှင့် သိပ်‌မဝေးလှသောကြောင့် သက်ညို ခြေလျင်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ ရုံးဝင်းအတွင်းမှာပင် လုပ်ငန်းဆက်စပ်၍လာသော အရာရှိဧည့်များ၊ အမှုစစ်များ၊ ဝန်ထမ်းများသာမက အကြောင်းအမျိုးမျိုးဖြင့် ထိုအရေးပိုင်မင်းကို လာရောက်တွေ့ဆုံကြသော ဧည့်သည်များ တစ်နေ့တခြားများပြားနေပေသည်။

ချစ်သော သက်ညိုWhere stories live. Discover now