🍀part 13 🍀Uni

11.9K 608 3
                                    

🍀ကျွန်တော်ဟာသူ့ရဲ့ကာမပိုင်ယောက်ျား🍀

      🍀part 13 🍀
______________________________

" ကိုနှောင်း "

မဏီ့၏ အသံကြားသောအခါမှ ကလျာမေ နှင့်သျှင်နှောင်းတို့၏ စကားထိုးစစ်ပဲဲကီးပြီးဆုံးသွားတော့သည် ။

ကလျာမေသည် မက်နှာပျက်နေပေမယ့်လည်း သူမ ၏ မျက်နှာကို အသက်နိုက်ဆုံးပြုံးထား၏ ။
သျှင်နှောင်းကတော့ မေ၏ မျက်နှာကိုကြည့်ပြီး အော်ဂလီ ဆန်နေလေသည် ။

" မေ ဘာစားမလဲ "

" တော်ပါပြီ ကိုနှိုင်း ။ ဟို မေ လဲ ပြန်တော့မှာ နှုတ်ဆက်တယ်သိလား "

ကလျာမေ ထွက်သွားသည်နှင့် သျှင်နှောင်းသည် မဏီ့ကိုမျက်စောင်းထိုးလိုက်၏ ။
နှိုင်းသည် မိမိ ကိုမျက်စောင်းထိုးလာသည့်ချစ်ရသူကြောင့် ရယ်ချင်စိတ်ကိုထိန်းထားသည် ။

" ကဲ ပြောပါဦး မဏီ "

" ဟမ် ဘာပြောရမှာလဲ "

" တော်ပြီတော်ပြီ ။ ပြန်ရအောင် ပင်ပန်းနေပြီ "

" သဘောအတိုင်းပါဗျာ "

မဏီနှင့် သျှင်နှောင်းသည် အိမ်တော်သို့ပြန်လာခဲ့ကြ၏ ။
သူတို့၏ချစ်နေ့စွဲလေးသည် ဘယ်ချိနိတွင်ပျောက်ကွယ်သွားမလဲဆိုတာ သူတို့မသိခဲ့ကြပေ ။

-----------------------------------------
မိုးစက်လေးတွေကျနေသည်ကိုကြည့်နေသောလူတစ်ယောက် ရှိနေ၏ ။
ထိုလူ၏ မျက်နှာတွင်လည်း မိုးစက်တွေနီင့်အတူ မျက်ရည်များဟာ နေရာယူလျက် ရှိ၏ ။

" ကိုယ်မင်းကို တွေ့တာ နောက်ကျသွားတယ်ထင်ပါရဲ့ Baby "

လူစီဖာသည် ကြေကွဲဝမ်းနည်းနေပုံ ပေါ်နေပေမယ့်လည်း သူ့၏ စိတ်ထဲတွင်တော့ သူပျော်နေပါသည် ။
သူချစ်ရသည့်လူ ပျော်ရွှင်နေသည်ကိုငေးကြည့်နေရုံဖြင့် ။

"Boss "

လူစီဖာအတွေးတွေ၌ နှစ်မြောနေခိုက် တပည့်တစ်ယောက်လာခေါ်သောကြောင့် ပြန်ထူးလိုက်၏ ။

" ဝင်ခဲ့ "

" မနက်ဖြန် ဥက္ကဌကြီး ဂျော်နသန် ပြန်လာပါ့မယ် "

ဂျော်နသန် ဆိုသူကတော့ အခြားမဟုတ်ပေ ။ လူစီဖာ၏ အစ်ကိုကြီး ဖြစ်၏ ။
တစ်နည်းပြောရ ရင်တော့ ကလျာမေ ကို မွေးပြီးစားနေသည့် မွေးစားဖေဖေ ကြီးပေါ့ယ

ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား( Uni &Zawgyi)[Completed] Where stories live. Discover now