🍀ကျွန်တော်ဟာသူ့ရဲ့ကာမပိုင်ယောက်ျား 🍀
🍀part 6 🍀
________________________________" တောင်းပန်ပါတယ် ။ မလာပါနဲ့...မလာပါနဲ့ "
သျှင်နှောင်းအိပ်နေရင်း ယောင်နေသည် ။ သူသည် တစ်စုံတစ်ယောက်ကို ပြောနေဟန်ဖြစ်ပြီး မျက်ရည်များသည်လည်းအိပ်ရာပေါ်တွရွှဲနေလေသည် ။
နှိုင်းသည် သျှင်နှောင်းရဲ့အသံကြောင့်နိုးလာပြီး သျှင်နှောင်းကိုကြည့်မိသည် ။
" နှောင်း ဟေ့ ဟေ့ "
နှိုင်း သျှင်နှောင်းကို အသာလှုပ်ပြီးနိုးနေလိုက်သည် ။ သျှင်နှောင်းသည် ရုတ်တရက်မျက်လုံးပွင့်လာပြီး
" ငါ အိမ်မက်ဆိုးတွေမက်နေလို့ ။ မဏီ ပြန်အိပ်တော့လေ ". .
" ok သတိနဲ့အိပ် ။ ကျုပ် အိပ်ရေးပျက်တယ် "
နှိုင်းပြောပြီးတစ်ဖက်သို့လှည့်အိပ်လိုက်သည် ။
တကယ်တော့ နှိုင်းစိတ်ပူသွားတာလည်းပါမည် ။ လက်ထပ်ခဲ့တာလဲ တစ်လတောင်ရှိနေပြီ ။ကိုနှောင်းက သူ့အပေါ်တကာ်ကောင်းသည့် အစ်ကိုတစ်ယောက်လိုပါပဲ ။
အကယ်၍ လက်မထပ်ဖြစ်ခဲ့လျှင် သျှင်နှောင်းအပေါ် အစ်ကိုတစ်ယောက်လိုခင်တွယ် မိနေမှာအသေအချာပင် ။
-----------------------------------------သျှင်နှောင်းသည် မဏီ၏ အလုပ်တွင်သာမက ဂိုဏ်းက အလုပ်တွေပါလုပ်နေသောကြောင့် ပင်ပန်းနေသည် ။
ဒါကလည်း သူ့ရဲ့ရွေးချယ်မှုပင် ။ မေမေက ဂိုဏ်းက အလုပ်တွေမလုပ်ပါနဲ့လို့ပြောထားသော်လည်း စိတ်မချတာကြောင့်ပါမည် ။အခု ဂိုဏ်းကိုသွားရမည် ။ မဏီကို စိတ်မချ ၍ မြန်မြန်သွားပြီးပြန်လာရမည် ။
" PK "
သျှင်နှောင်း၏ နာမည် ေပြာင်ကိုခေါ်သည့်လူသည် သျှင်နှောင်း နှင့် ဂိုဏ်းသား La ဖြစ်သည် ။
" La ခဏနေ ပစ္စည်းလဲဖို့အဆင့်သင့်လုပ်ထားပါ ။ ဒီနေ့တွေ့မယ့်လူတွေက သိပ်ပြီး ပရိယာယ်များတယ် ။ လူ တွေကို တိတ်တဆိတ်ခေါ်လာခဲ့ "
" ကောင်းပါပြီ "
ဒီနေ့ လက်နက် လဲလှယ်မှုလုပ်ရမည်ဖြစ်၍ သတိ ကြီးကြီးနေရမည် ။
أنت تقرأ
ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား( Uni &Zawgyi)[Completed]
عاطفية" သျှင်နှောင်း ဆို တဲ့ ခင်များကို ကျုပ်ဆိုတဲ့ နှိုင်းတုမဏီက ချစ်လို့ယူခဲ့တာမဟုတ်ဘူး "