Part 2 (unicode/zawgyi)

101 3 0
                                    

<Unicode>
သွန်းငယ်တို့က အဖေတခုသားတခုပဲရှိတာ
ဖေဖေကတော့ မေမေ့လက်ထက်ထဲကဖွင့်ထားတဲ့ စားသောက်ဆိုင်အသေးလေးကိုပဲဆက်ဖွင့်ပြီး သွန်းငယ်ကို ကိုယ်ပိုင်ကျောင်းလေးမှာထားပေးတယ် ဖေဖေကသွန်းငယ်လိုလေးသေးမရှိအောင်ထားပြီးအရမ်းချစ်တယ် သွန်းငယ်ကစာညံ့တဲ့ထဲပါတယ် ဘယ်လောက်ကျက်ကျက်မမှတ်မိဘူး ဒီနှစ်၁၀တန်းဘယ်လိုလုပ်ရပါ့မလဲ 😢တွေးနေရင်း အိမ်ရောက်တော့

"သွန်းငယ် သားလေး ဘယ်လိုလဲ ကျောင်းအပ်တာအဆင်ပြေခဲ့လား "

"ပြောပါတယ် ဖေဖေရဲ့ ဒါပေမဲ့ သားနောက်ကျလို့ ဆရာပိစိလေးဆူခံထိတယ်😁😁"

"သွန်းငယ်တို့ကတော့လေ သားငယ် ဒီနှစ်၁၀တန်းကိုအောင်အောင်ကြိုးစားရမယ်နော် ခါတိုင်းနှစ်လို့ အပျင်းမကြီးနဲ့တော့ ကြားလား"

"ဟုကဲ့ ဖေဖေ😁😁ဒါနဲ့ကောင်းထက်ရော"

"ကောင်းထက်ကဈေးသွားတယ်လေ သူကနောက်ရက်မှပဲကျောင်းအပ်မယ်တဲ့လေ ဒီကောင်လေးလဲ ဒီနှစ်၁၀တန်းကို ဟင်းပဲချက်နေတော့မလားမသိ"

"ဖေဖေကလဲ ဒါကသူ့ဝါသနာကို သိသိကြီးနဲ့ "

သွန်းငယ် ရေ!!သွန်းငယ်!

ဒါကသွန်းငယ် ငယ်ချင်း၂ကောင် မှားလို့ ၂ယောက်😁😁ဖြိုးဖြိုးနဲ့ ဇာခြည်ပေါ့ သွန်းငယ်မှာက ငယ်ချင်း၃ယောက်ရှိတယ် ကောင်းထက်၊ဖြိုးဖြိုးနဲ့ ဇာခြည် တို့လေ ကောင်းထက်က အရပ်မြင့်မြင့်အသားဖြူဖြူနဲ့ ဒီခေတ်ကောင်မလေးတွေကြိုက်တဲ့ ရှောင်ကောကောလိုပေါ့ အချက်ပြုတ်မှာထူးချွန်ပေမဲ့ စာဘက်မှာတော့ သွန်းငယ်နီးနီးညံ့တယ် ဒါပေမဲ့ သွန်းငယ်တို့ဆိုင်လေးက သူ့ကြောင့်နာမည်ကြီးတယ်ဆိုလဲမမှား ကောင်မလေးအများစုလာစားကြတယ်လေ
ဖြိုးဖြိုးက တော့ ဝဝကစ်ကစ်လေးနဲ့ ရှမ်းတရုတ်ဆိုတော့ ဖြူဖြူဥဥလေးနဲ့ နှင်းလုံးလေးလိုပဲ ဇာခြည်က အသားခပ်လတ်လတ်နဲ့ ပိန်ပိန်ရှည်ရှည် ကလန်ကလားနဲ့ သွန်းငယ်ထက်တောင်မြင့်သေး ကြည့်လိုက်ရင်မျက်မှန်အထူကြီးနဲ့ မျက်မှန်နဲ့ဆိုလို့စာဂျပိုးလို့မထင်လိုက်နဲ့ အကုန်လုံးညံ့တယ် ဒါပေမဲ့ ဇာခြည်ကတော့သွန်းငယ်တို့ထက်စာရင်တော်တယ် ဒါကသွန်းငယ် ငယ်ချင်းတွေအကြောင်းပေါ့

ဟန်ဆောင်အနမ်း(အနမ်းဝိုင်)Where stories live. Discover now