<Unicode>
နောက်တနေ့ သွန်းငယ်ကျောင်းကိုစောစောလာပြီး အရင်ကကြောင်လေးတွေ့တဲ့ သစ်ပင်နားလာခဲ့တယ်"ငါ သူ့ကိုဒီနားမှာပေးခဲ့တာပါ ဘာလို့ကြောင်မမွေးထားဘူးပြောရတာလဲ "
တစ်ယောက်ထဲပြောနေစဉ်
နောက်က ခွန်းရောက်လာပြီး"မင်းဒီမှာ ဘာလုပ်နေတာလဲ"
"မင်းပဲကြောင်မမွေးထားဘူးဆို အဲ့ဒါကြောင့် အဲ့နေ့ကကြောင်လေးကိုလာပြန်ရှာတာ"
ခွန်းသက်ပြင်းချပြီး
"မင်းကြောင်လေး ကို ကိုယ်သေချာစောက်ရှောက်ထားတယ်"
ဆိုပြီး ခွန်းလှည့်ထွက်ချိန်"ခွန်း ခန "
သွန်းငယ် သူ့နေတိုင်းရေးထားတဲ့ စာတွေကို
ထုပ်ပြီး ရှက်ရှက်နဲ့ ခွန်းကိုကမ်းပေးလိုက်ပြီး"အဲ့စာထဲမှာ ငါမင်းကိုပြောချင်တဲ့စကားတွေရေးထားတယ်"
ဆိုကာ ခွန်းကိုပေးပြီးပြေးထွက်သွားလေသည်
ခွန်းကတော့ ထိုစာကိုယူပြီး ကျောင်း သတင်း တင်တဲ့ whiteboardမှာ ကပ်လိုက်ပြီး ထွက်လာလိုက်တယ်သွန်းငယ်တစ်ယောက် အခန်းထဲ၌ခွန်းကိုပေးခဲ့တဲ့ စာတွေအကြောင်းတွေးပြီးပျော်နေစဉ်
"သွန်းငယ် !! သွန်း ငယ် !!အရေးကြီးနေတယ် မြန်မြန်ထ ကျောင်းသတင်းမှာနိသတင်းတော်တော်ပြန့်နေပြီ"
ထိုအခါမှသွန်းငယ် သတိကပ်မိပြီး
"ဘာသတင်းတုန်းဟ ငါဘာ.."
သွန်းငယ် ဆက်ပြောမဲ့စကားတောင်မစောင့်ပဲ ကောင်းထက် ကသွန်းငယ် လက်ကိုဆွဲပြီး ကျောင်းသတင်းwhiteboardနားခေါ်သွားချိန် လူတွေဝိုင်းအုံနေကြပြီး သွန်းကိုမြင်တော့ လှောင်သလိုကြည့်ကာ တီးတိုးပြောနေကြတယ် သွန်းငယ် ကတော့whiteboardရှေ့မှာ ရပ်နေပြီး စာရွက်တွေကို စိုက်ကြည့်ကာမျက်ရည်တွေဝဲလာခဲ့တယ်
ထိုအချိန် ကောင်းထက်ကစာရွက်တွေကိုဖြဲ ကာ သွန်းဘက်လှည့် လာပြီး
"သွန်းငယ် ဘာမှမဖစ်ဘူး စိတ်ကိုလျော့ထား နော် "
ဖြိုးနဲ့ ဇာခြည်လဲ ကျန်တဲ့စာရွက်တွေဖြုတ်ကာ

YOU ARE READING
ဟန်ဆောင်အနမ်း(အနမ်းဝိုင်)
Actionဟန်ဆောင်အနမ်းဇာတ်လမ်းကိုbl versionနဲ့ ရေးတာမတွေ့လို့ ရေးလိုက်တာပါ အဲ့ဇာတ်လမ်းတစ်ထပ်ကျအောင်တော့မရေးပါဘူး တချို့မတူတဲ့ ဟာတွေတွေထည့်သွားမှာပါ 🚨🚨🚨လေးတွေပါမှာပါ ဇာတ်လမ်းအတိုင်းroပါမယ်နော် ဖတ်ပီးကြယ်လေးတွေနှိပ်ခဲ့နော် လပ်ယူအော်😘😘