တံခါးကုဒ်ခံထားတဲ့ စတူဒီယိုကို JungKook မဆိုင်းမတွပဲ " HOPECOOKIE " ဟူသော စကားလုံးကို ရိုက်နှိပ်လိုက်သည်။
အခက်အခဲမရှိ ချောမွေ့စွာ ပွင့်သွားတဲ့ အတွက်ကြောင့် JungKook စတူဒီယိုထဲကို ဝင်သွားလိုက်ပါတယ်။
ဒါဟာ (သူများဟာလည်း ငါ့ဟာ ၊ ငါ့ဟာလည်း ငါ့ဟာ) ဟူသော JungKookဆောင်ပုဒ်ရဲ့ ပထမဆုံး အကြောင်းပြချက်ပဲ ဖြစ်တယ်။
( ကိုယ့်ကောင်လေး စတူဒီယို ကိုယ့်ဘာသာဝင်ထွက်သွားလာတာ ) ဆိုတဲ့ JungKookရဲ့ ပြောင်တင်းတဲ့ ရဲရင့်မှုပါ။
ဒါ့အပြင် နှစ်အနည်းငယ်လောက်ကြာအောင် လျှို့ဝှက်ထားလာခဲ့တဲ့ ချစ်သူဆက်ဆံရေးမှာ ဒီဟာက သေးငယ်တဲ့ လုပ်ပိုင်ခွင့်လို့ ခံစားမိတာကြောင့်ဖြစ်တယ်။Jung Kook မှောင်နေတဲ့ စတူဒီယိုကို မီးဖွင့်လိုက်တော့ ရောင်စုံအရုပ်တွေက သူ့ကိုစီးကြိုနေခဲ့တယ်။
Jung Kook က HoSeok ရဲ့ အခန်းအလှဆင်ပုံကို သဘောကျနေခဲ့တယ်။
အသန့်အရမ်းကြိုက်တဲ့HoSeokရဲ့ စတူဒီယိုအခန်းက သန့်ရှင်းသပ်ရပ်နေတဲ့အပြင် နူးညံ့သင်းပျံ့တဲ့ အမွှေးနံ့လေးပါရှိတာမို့ JungKook ပြုံးမိသည်။JungKook လာရင်း အကြောင်းအရာကို သတိရသွားပြီး မျက်နှာမဲ့ကာ ဆိုဖာမှာ လှဲချလိုက်တယ်။
လျှို့ဝှက်ထားတဲ့ ဆက်ဆံရေးမို့ ရှောင်ဖယ်ခံရတာ၊ အသိမှတ်ပြုမခံရတာ၊ တို့ကို JungKookစိတ်တိုမိသည်။
ဒါပေမဲ့ အရမ်းဆိုးရွားတဲ့ ဆက်ဆံရေးလည်း မဖြစ်သွားသေးပါ။
အသေးစိတ်ကအစ လိုက်ဂရုစိုက်တဲ့ HoSeok Hyungက သူ့ကိုဆို ဦးစားမပေးတာကို ခံပြင်းမိသည်။
သူတို့ ဆက်ဆံရေးကို ရိပ်မိသွားမှာစိုး၍ ရှောင်ဖယ်တာမျိုးတွေကို JungKookသဘောမကျပါ။ကျွန်တော်တို့ ချစ်သူဆက်ဆံရေးကတော့ ပုံမှန်ပါပဲ။
သူများတွေလို တစ်ခါတစ်ရံမှာ ရန်ဖြစ်မယ် စိတ်ကောက်မယ် တစ်ခါတစ်လေတော့ တုန်နေအောင် သည်းသည်းလှုပ်ချစ်ပြမယ်။
ဒီလိုပဲ ဖြတ်သန်းနေခဲ့တာပါပဲ။
အချစ်လမ်းခရီးတစ်ခုမှာ တစ်ခါတစ်လေ ဝမ်းနည်းစရာအဖြစ်အပျက်တွေ ကြုံတွေ့ ရမှာ ရှောင်လွဲလို့မရဘူးလေ။
ဒါပေမဲ့ လွန်ခဲ့သော နှစ်က အဖြစ်အပျက်ကို အခုထိ မေ့မရသေးပါ။
မနှစ်က February 14 Valentine's Day ကပေါ့။
အဲ့နေ့ကအကြောင်းအရာတွေကို JungKookပြန်တွေးမိတိုင်း မီးတောက်လို ပူလောင်စေတယ်။
YOU ARE READING
Golden Line One Shot Collection
Fanfiction𝐎𝐍𝐋𝐘 𝐇𝐎𝐏𝐄𝐊𝐎𝐎𝐊 ( 𝐆𝐎𝐋𝐃𝐄𝐍 𝐋𝐈𝐍𝐄) 𝟗𝟕<𝟑𝟗𝟒 𝐎𝐍𝐄 𝐒𝐇𝐎𝐓 𝐂𝐎𝐋𝐋𝐄𝐂𝐓𝐈𝐎𝐍 💓 🐿️🐇 💓 3.2.2022