အခန်း ၂၁

5.7K 400 7
                                    

    ခေါင်းပေါက်ကာဦးနှောက်ကိုအနည်းငယ်ထိသွားသော်လည်းကြီးကြီးမားမားပြဿနာမရှိ၍တော်သေးသည်ဟုမှတ်ရမည်။သို့သော်လည်းကလေးငယ်ကနှစ်ရက်ကျော်ပြီသတိရမလာသေးပါ။ဒေါ်သန္တာလင်းထိန်မှာဆိုင်ကိုပင်မသွားတော့။ဆေးရုံခန်းထဲမှတစ်ဖဝါးမှမခွာပဲထိုင်စောင့်နေသည်။မြန်မြန်နိုးလာပြီးအချစ်ရေလို့ခေါ်ဦးမယ့်အသံလေးကြားချင်နေပါပြီ။ထိုနေ့ကလိုက်ပို့လိုက်ရမှာဟူသောနောင်တတို့ကလဲတစ်ချိန်လုံးအတွေးထဲဝင်နေသည်။

“ သမီးသန္တာ ”

“ ဪ ဖေဖေ ကလေးငယ်ကိုလာကြည့်တာလား ”

“ ဟုတ်တယ် သမီးမြသွေးကိုရော သမီးသန္တာကိုရောလာကြည့်တာ ”

“ သမီးကအဆင်ပြေပါတယ် ကလေးငယ် ကလေးငယ်ကတော့ခုထိမနိုးလာသေးဘူးဖေဖေ ဘာမှမဖြစ်လောက်ပါဘူးနော် ”

“ ဖေဖေ ဆရာဝန်ဆီသွားမေးကြည့်ပြီးပါပြီ ဘာပြဿနာမှမရှိဘူးတဲ့လေ အဆင်ပြေသွားမှာပါ သမီးသန္တာလဲပိန်သွားတယ် သမီးကလေးငယ်နိုးလာရင်စိတ်ပူနေရှာဦးမယ် ”

“ ဟုတ်ကဲ့ပါဖေဖေ ပြီးတော့ကျေးဇူးလဲတင်ပါတယ် ကလေးငယ်အပေါ်မှာရော သမီးအပေါ်မှာပါ နားလည်ပေးလို့ပါ ”

“ ဒါကပြောစရာမလိုပါဘူးသမီးရယ် မောင်စိုင်းသူရကိုဒီလိုမထင်လို့ဖေဖေချဉ်းကပ်မိတာဖေ့ဖေ့အပြစ်လဲပါပါတယ်  သမီးမြသွေးကိုတော့တစ်ကယ်လေးစားတယ် သမီးသန္တာအပေါ်မှာအသက်နဲ့လဲပြီးသစ္စာတရားကိုပြသွားတာ မကောင်းကြံမယ့်လူကတောင်အသိတရားဝင်သွားတဲ့အထိပဲ ”

ဖေဖေ့စကားကြောင့်‌ကလေးငယ်ကိုကြည့်ကာမျက်နှာတွက်ဂုဏ်ယူသောအပြုံးများဝင်ရောက်လာသည်။

“ အချစ်ရေ ”

“ ဟာ ဖေဖေ ကလေးငယ် နိုးလာပြီ ကလေးငယ်နိုးလာပြီဖေဖေ ကြည့်ပါဦး ”

“ သမီးမြသွေး အဆင်ပြေလား သက်သာလားသမီး အန်ကယ်ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော် ”ဟုပြောကာအခန်းပြင်သို့ထွက်သွားသည်။

“ မြ‌သွေး ကလေးငယ် နိုးလာပြီလား ”

“ ဟာ အချစ်ရာ ဘာလို့ငိုနေတာတုန်း ”

အချစ်ဆိုသောအရာသည်{Complete}Where stories live. Discover now