<Unicode>
"ရှေးခေတ် ခနနော် နင်ဒီမှာစောင့်နေအုံး ငါဆိုင်ကယ်သွားယူအုံးမယ်။"
"အေးအေး ယမင်းတို့ကရောဘာနဲ့ပြန်မှာလဲ။"
"ငါတို့လည်းဆိုင်ကယ်နဲ့ဘဲ အတူတူပြန်မှာလေ နင်သာခနစောင့် သီရိ နင်ရှေးခေတ်နဲ့စောင့်နေပေးလိုက်နော်။"
"အွန်း ရတယ်သွားလေ။"
ရှေးနဲ့သီရိလည်း ကျောင်းပေါက်ကိုသာထွက်လာခဲ့လိုက်တယ်။ဘာလဲ ဟိုကောင်လေးလား ငါနဲ့ကျအမြဲရှောင်နေပြီးတော့ သူများနဲ့ကျ အမြဲတမ်းပြုံးနေတာလား။အဟက် ဒီနေ့မှစတတ်တာ ကောင်မလေးတွေနဲ့ရင်နှီးနေပြီလား။ရှေးလည်းသီရိက ဟာသတွေပြောပြတာကြောင့် သဘောကျနေမိခြင်းပင်။ ရှေးရယ်လိုက်ရင် ဘယ်ဘက်ပါးပြင်ပေါ်က စံပါယ်တင်မှဲ့နက်နက်လေးက ရွေ့လျားသွားနေတာကို လွှမ်းငေးကြည့်နေမိတယ်။
"အဟမ်း!!"
"ဟင် ခင်ဗျား ဘာလာလုပ်တာလဲ။"
သူတို့ကျောဘက်ဆီမှချောင်းဟန့်သံကြားလို့ ရှေးနဲ့သီရိနှစ်ယောက်လုံးလှည့်ကြည့်တော့ လွှမ်းပင်။
"ဘာလာလုပ်တယ်ထင်လဲ ဟင်း ဒီနေ့မှကျောင်းစတတ်တာ ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့။"
သီရိအားငဲ့စောင်း၍ကြည့်ကာပြောလာသောကြောင့် ရှေးတစ်ဖက်မိန်းကလေးကိုအားနာရတယ်။
"ဒီမယ်!! ဒါရှေးကိစ္စ ခင်ဗျားနဲ့မဆိုင်ပါဘူး ပြီးတော့သီရိက ရှေးသူငယ်ချင်း။"
"အိုဟိုး !!ငါနဲ့မဆိုင်ဘူးလား အေးလေးမဆိုင်ပါဘူး ။တစ်ခုခုဆို ငါ့အိမ်သိက္ခာလေးထည့်စဉ်းစားရှေးခေတ်။"
"ကိုလွှမ်း!!"
ရှေးပြန်ပြောမယ်လုပ်ချိန် အသံချွဲချွဲလေးနဲ့ခေါ်သံကြောင့် လှမ်းကြည့်မိတော့ မိန်းမလှလေးတစ်ယောက် ဝတ်ထားတာအရမ်းတိုလွန်းတယ်၊ရှေးအမြင်မှာ မသင့်တော်ဘူးထင်တာကြောင့် ချက်ချင်းမျက်နှာလွှဲကာ ပြန်နေလိုက်တယ်။
"သော်သော် ပြီးပြီလား။"
"အင်း ကိုလွှမ်းသွားစို့လေ ဘာလုပ်နေတာလဲ အသိလား။"
YOU ARE READING
I will always be here for you.(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ် ကိုယ်မထင်မှတ်ထားတာတွေဘဲဖြစ်လာတတ်တယ်...