<Unicode>

ဒီနေ့ ကိုကြီးလာမယ်ဆိုတာကြောင့် မေမိုးနဲ့အတူ မီးဖိုချောင်ဝင်ပြီး ရှေးကိုယ်တိုင်ချက်ပြုတ်နေသည်။ကိုယ့်အပေါ်ကို သူ့ကျေးဇူးတွေရှိတာကြောင့် စေတနာသန့်သန့်နဲ့ချက်ကျွေးခြင်သည်။"သားလေးရယ် မေမိုးလုပ်ပါ့မယ်ထိုင်နေပါကွယ်"
"မေမိုးရယ် ရှေးကလေ ကိုကြီးအတွက် ချက်ကျွေးခြင်လို့ပါ နော် နော်လို့"
ပြောမရတာနဲ့ မေမိုးလည်း ရှေးကိုသာကူလုပ်နေလိုက်တယ်။ဒီကလေးလေးက အချက်အပြုတ်တော့ ကျွမ်းကျင်သားဘဲ။ဘာတွေကြောင့်များထွက်ပြေးလာရတာလဲ ကောင်လေးရယ်။
"ကဲပြီးပြီ ရှေးရေချိုးလိုက်အုံမယ်နော် မေမိုး"
"အေးပါကွယ် ဂရုစိုက်အုံးနော်သားလေး"
"ဟုတ်"
နာရီကိုကြည့်တော့ ၁၀:၃၀တော့မယ်။မြန်မြန်ချိုးမှဘဲ ခနနေကိုကြီးရောက်တော့မှာ လာရင်အဆင်သင့်ဖြစ်နေအောင်လို့။ဒီနေ့ဆေးရုံသွားရမှာ ရင်ခုန်လိုက်တာ။
ရေမိုးချိုးခြင်းအမှု့ကို အမြန်ပြီးအောင်လုပ်ပြီး ပုဆိုးနီညို ကွက်စိပ်လေးနဲ့ အဝါရောင်ရှပ်လေးသာ ပေါ့ပေါ့ပါးပါး ဝတ်ထားလိုက်သည်။"ဟင် ကားသံကြားတယ် ကိုကြီးလာပြီထင်တယ်"
အခန်းထဲကနေ ထွက်လာပြီး ကားရှိရာဆီသွားလိုက်တော့ မဆုမွန်ကိုပါ တွေ့လိုက်ရတာကြောင့်အံ့ဩသွားရသည်။မဆုမွန်သိသွားရင် ဟင့်အင်း အဲ့လိုမဖြစ်ဘူးမို့လား။
သူမကိုတွေ့တာနဲ့ စိုးရိမ်မှုတွေကြီးစိုးကာ မနှုတ်ဆက်တဲ့ ရှေးကို ဆုမွန်မှာ ပြုံးပြီးအရင်နှုတ်ဆက်လိုက်ရသည်။"ရှေး အဆင်ပြေတယ်မို့လား"
"ဗျာ ဟုတ် ဟုတ်ကဲ့အဆင်ပြေပါတယ်"
"ကဲ အိမ်ထဲဝင်ကြအုံးစို့"
လင်းက ဆော်အောလိုက်တော့ သုံးယောက်သားအိမ်ထဲဝင်လာကြသည်။မေမိုးနဲ့ ဘဘကြီးက တော့ ခြံထဲဆင်းသွားကြလေပြီဖြစ်သည်။စိုးရိမ်မှု့တွေများနေတဲ့ ရှေးကို လင်းကဘဲဖြေရှင်းပြရတော့မည်။ဒီကလေး သိပ်စိတ်ပူတတ်တာဘဲ။
YOU ARE READING
I will always be here for you.(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ် ကိုယ်မထင်မှတ်ထားတာတွေဘဲဖြစ်လာတတ်တယ်...