ဒရေရာတစ်ယောက် သူ့အဖေသတင်းကို ကြားရချင်းပင် အရူးတစ်ယောက်လို ဖြစ်သွားသည်။ သူ့ဘဝတွင် လူမှန်းသိတတ်စက အမေကို ဆုံးရှုံးခဲ့ရသည်။ ယခုတစ်ခါ အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရပြန်ပြီ။ နာကျည်းချက်နှင့် ဝမ်းနည်းမှုတို့က ရင်ဝသို့ ပြေးဆောင့်မိသည့် ဘောလုံးတစ်လုံးလိုပင်။ သူ့လူများကိုလည်း အပြစ်မတင်ရက်။ မက်ဘွန်းများသည် ကျန်သည့်နေရာတွင် ညံ့ဖျင်းကြသော်လည်း မှော်နက်ပညာများတွင် ထူးချွန်သည်ကို သူသိသည်။ သူ့လူများသည် မှော်နက်ပညာကို စိုးစဉ်းမျှပင် လိုက်စားဖူးကြသူများ မဟုတ်။ သူနှင့်အတူပင် မက်ကလီးဗာ့များ အားလုံး ဒေါသနှင့် ဝမ်းနည်းမှုကို ခံစားနေရကြသည်။ သူတို့အားလုံးတွင် ရှိနေသော တစ်ခုတည်းသော အတွေးမှာ ကလဲ့စားချေဖို့ပင် ဖြစ်သည်။ သူတို့ယုတ်သလို ပြန်ယုတ်ရမည်။ သူတို့နှင့် ထိုက်တန်သည်ကို ပြန်ပေးဆပ်ရစေမည်။
ညတွင်းချင်းပင် ဒရေရာသည် မက်ကလီးဗာ့ အားလုံးကို ဒရေရာတောင်ကုန်းဆီသို့ ခေါ်သွားသည်။ အားလုံးကို တောင်ခြေတွင် စုခိုင်းပြီး...
မက်ကလီးဗာ့တို့... ကျွန်မတို့ရဲ့ခေါင်းဆောင် အသတ်ခံရချိန်မှာ ရှင်တို့ ဘာမှ ပြန်မလုပ်နိုင်ခဲ့ဘူး။ ဒီအတွက် ရှင်တို့ကို ကျွန်မ အပြစ်မတင်ဘူး။ ဒါက ခေါင်းဆောင်ရဲ့ တားမြစ်ချက်ဖြစ်တဲ့ မှော်နက်ပညာကို မလိုက်စားခဲ့မိလို့ ဒီလို ဖြစ်ခဲ့ရတာပဲ။ ဒီတော့ ခေါင်းဆောင်ရဲ့ သမီးတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့နည်းနဲ့ ပြန်လက်စားချေစေချင်တယ်။ ရှင်တို့ ပြန်လက်စားချေချင်ရဲ့လား။
အားလုံးက...
ဖြစ်နိုင်ရင် ချက်ချင်းကို သွားသတ်ချင်တာ။ အယုတ်တမာ မိစ္ဆာကောင်တွေကို သတ်ပစ်ချင်နေပြီ။
ထိုထဲမှ တစ်ယောက်က မေးသည်။
ဒီရန်ပွဲ ဘယ်လိုဖြစ်လာတာလဲ။ ပုံမှန်ဆို ဒီကောင်တွေ ဒီလို အတင့်မရဲဘူး။ ဒရေရာ သိရင် ပြောပြပါ။
ဒရေရာက ပြဒါးရှင်လုံးနှင့် ပတ်သက်သည်များကို ရှင်းပြလိုက်သောအခါ အားလုံးက ပို၍ ဒေါသထွက်သွားကြသည်။ လက်စားချေလိုစိတ်လည်း ပို၍ပင် ပြင်းပျသွားကြသည်။ ထိုအခါ ဒရေရာက...
YOU ARE READING
ဒရေရာ
Viễn tưởngဟယ်ရီပေါ်တာ မှော်ကမ္ဘာမှ ထူးခြားဆန်းပြားလှသော ကျွန်းကြီးနှင့် သတ္တဝါဆန်းများ