စကော့တလန်နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင် တစ်နေရာတွင် အနက်ရောင် ငါးဖမ်းသင်္ဘောတစ်စင်း ရှိနေသည်။ ရာသီဥတုသည် သာသာယာယာ ရှိနေသောကြောင့် ပင်လယ်မျက်နှာပြင်မှာ လှိုင်းအနည်းငယ် ထနေရုံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လျက်ပင်။ ငါးဖမ်းသင်္ဘောပေါ်တွင် ရေလုပ်သား သုံးယောက်သည် ချထားသော ငါးဖမ်းပိုက်ကို ပြန်တင်ရန်အတွက် ကြိုးစားနေကြသည်။ ဒီနေ့ တစ်နေကုန် ဘာဖြစ်နေမှန်း မသိ။ ငါး တစ်ကောင်တစ်လေမျှပင် မမိသေး။ ငါးခိုးဖမ်းသည်မှာ သူတို့တစ်သက်ဟု ပြောရမလောက်ပင် အတော်ကြာနေပြီ ဖြစ်သည်။ သူတို့တစ်သက် ဒီလိုနေ့မျိုးကို လုံးဝမကြုံဖူးချေ။
ရေထဲမှ မြောက်တက်လာသော ပိုက်ကွန်ကို သုံးယောက်သား မျှော်လင့်ချက်နှင့် ကြည့်လိုက်ကြသည်။ သို့သော် ငါးတစ်ကောင်မျှ ပါမလာဘဲ ပိုက်ကွန်မှ ရေများ တစ်စက်စက်ကျနေသည်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်မိနေတော့သည်။
တောက် ဒီနေ့ ဘယ်လိုတွေ ဖြစ်နေတာတုံးကွာ သူတို့သုံးယောက်ထဲမှ လူကောင်ထွားထွား ဆံပင်အဖြူရောင်နှင့် အိုလီက ညည်းတွားလိုက်၏။ ငါ့တစ်သက် တစ်ခါမှကို မကြုံဖူးတာ။
အေးကွာ စိတ်မရှည်တော့သလို သက်ပြင်းချလိုက်ပြီး ဇီနိုဖာတစ်ယောက် ပိုက်ကွန်ကို သင်္ဘော ကုန်းပတ်ပေါ်သို့ ဆွဲယူလိုက်သည်။
ငါပြောပါတယ် ငါပြောပါတယ် တတိယလူက စိတ်တိုသည့် လေသံနှင့် ပြောလိုက်၏။ ခေါင်းကို ခါယမ်းနေသောကြောင့် အနက်ရောင် ဆံပင်ရှည်များ သူ့မျက်နှာကို အုပ်သွားသည်။ မင်းတို့က ငါပြောတာကိုမှ ဂရုမစိုက်တာ။
ဟေ့ကောင် ဂျိမ်းစ်။ မင်းရဲ့ ယုတ္တိမတန်တာတွေ လာပြောမနေနဲ့။ ဘာမှ မဆိုင်ဘူး အိုလီဗာက လှမ်းဟောက်၏။
ဒီယုတ္တိ ယုတ္တိနဲ့ မင်းတို့တွေ မနက်ကသာ ပိုဆိုက်ဒွန်ကို တောင်းပန်ပြီး ပူဇော်
ဟာသပဲ ဘယ်က ပိုဒွန်ကို လာပြောနေတာလဲ ဂျိမ်းစ် စကားမပြီးခင် ဇီနိုဖာက ဖြတ်ပြော၏။
ပိုဒွန်မဟုတ်ဘူး။ ပိုဆိုက်ဒွန် မင်းတို့တွေနော် နတ်ဘုရားတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့လို့ ငါ အတန်တန် သတိပေးတယ်။ ဂျိမ်းစ်က သူတို့နှစ်ယောက်ကို မျက်ထောင့်နီနှင့် ကြည့်ရင်း လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေ၏။ အိုလီနှင့် ဇီနိုဖာကတော့ သူပြောနေသည်ကို စိတ်မဝင်စားတော့။ နောက်ထပ် ပိုက်ချရန်သာ ပြင်ဆင်နေကြသည်။ မနက်ကလည်း ပြောတယ်။ ပင်လယ်ထဲကို သေးကော့မပန်းနဲ့ နတ်ဘုရားတွေ စိတ်ဆိုးမယ်ဆိုတာ ငါသတိပေးတယ်။
YOU ARE READING
ဒရေရာ
Fantasíaဟယ်ရီပေါ်တာ မှော်ကမ္ဘာမှ ထူးခြားဆန်းပြားလှသော ကျွန်းကြီးနှင့် သတ္တဝါဆန်းများ