အခန်း ၃ / အခန္း ၃

1.3K 243 154
                                    

(Unicode)

•တာဝန်ဝတ္တရားဆိုသည့် ဂုဏ်ပုဒ်တွေထက်
လူပီသခြင်းနှင့်ပဲ ကိုယ်တော်ရှင်သန်ချင်ပါတယ်။
လူပီပီသသ အသက်ရှူခွင့်ရချင်တယ်။
လူပီပီသသ ရှင်သန်ချင်တယ်။
လူပီပီသသ ပြုံးရယ်ချင်တယ်။
ပြီးတော့...........
လူပီပီသသ လူတစ်ယောက်ကို လွတ်လွတ်လပ်လပ် ချစ်ခွင့်၊
အဲ့လူရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခွင့် ရချင်ပါတယ်။
‌ဒါပေမဲ့ ကိုယ်တော်တို့‌တွေက.......•

အခန်း ၃

"ရှေ့ ခြေတစ်လှမ်းတိုး.......ကိုယ်ကို အနည်းငယ်စောင်း။ သတိကို စိတ်မှာကပ်!!!!"

*ချွင်...* *ချွင်...*

ဓားချင်းထိသံ၊ ကြိမ်းမောင်းသံတို့ဖြင့် ဆူညံနေသော လေ့ကျင့်ကွင်း......။ ပြီးတော့ ထိုလေ့ကျင့်ကွင်းထဲရှိ လေ့ကျင့်သူတို့ကို ခပ်လှမ်းလှမ်းရှိ အဆောင်မြင့်ပေါ်တွင် လက်ဖက်ရည်တော်သုံးဆောင်ကာ ကြည့်နေသော မင်းကြီးနှင့် ဘုရင့်မယ်တော်ကြီး။

"မင်းသားတွေလည်း အရွယ်ရောက်လာကြပြီ ကြည့်ပါဦး....ရှင်းဝူးမင်းသားလေးက စစ်ရေးမှာ အားကိုးရတဲ့ မင်းသားတစ်ပါးဖြစ်မှာသေချာတယ်။ စစ်သူကြီးချုပ် ပတ်ဝန်းဆီက ချီးကျူးသံတွေက ညံလို့။"

မြေးတော်ရင်းချာ နှစ်ပါးရှိပါလျက် ရှင်းဝူးမင်းသားကိုသာ ပိုပြီး ချစ်သော၊ အားထားသော မိခင်ကြီးကိုလည်း မင်းကြီး နားမလည်နိုင်ခဲ့။ နောက်ဆုံးတော့ သားတော်တို့၏ မယ်တော်တွေထံမှာသာ သွားပြီး ခရီးဆိုက်သလား။ သားတော်ကြီးဟာ သူ မကြည်ဖြူသော ချွေးမက မွေးခဲ့လို့လား။

"ဂျောင်ဂုကလည်း တော်ပါတယ် မယ်တော်ကြီး။ နှစ်ယောက်လုံးက အစွမ်းအစမှာ မတိမ်းမယိမ်းပါပဲ။"

"ဒါပေမဲ့ ဂျောင်ဂုက စစ်ရေးထက် စာပေဘက်မှာ ပိုပြီးအားသာလွန်းလို့ ပျော့ညံမယ် မင်းကြီး။ ဘုရင့်အရိုက်အရာကို ဆက်ခံမဲ့လူက စာပေကြီးပဲ စိတ်ဝင်စားနေလို့ ဘယ်ရမလဲ။ စစ်မက်ရေးကိုလည်း ဂရုစိုက်ဦးမှပေါ့။ ဂျိုဆွန်းဆိုတာ ဘယ်လို အန္တရာယ်တွေကြားထဲမှာ ခက်ခက်ခဲခဲ ရှင်သန်တောက်ပနေလဲဆိုတာ မင်းကြီးလည်းအသိဆုံးပဲကို။"

မျက်တော်ဖြေ / မျက်တော်ဖြေDonde viven las historias. Descúbrelo ahora