One Shot

857 97 6
                                    

(သီချင်းလေးထည့်ပေးထားပါတယ်)

တစ်ချိန်တုန်းက ရေသူထီးလေးတစ်ယောက်ရှိခဲ့သည်။
သူ့ရဲ့အမြီးမှာတောက်ပတဲ့အရောင်အသွေးလည်းမရှိ၊ဆူးတွေလည်းမရှိပေ။
သူ့ဆံပင်ကရွှေရောင်ပိုးမျှင်‌တွေနဲမဆင်သလိုသူ့ မျက်လုံးတွေကလည်း ပင်လယ်ရေတွေလိုမျိုးမကြည်လင်ပေ။
သူကသာမန်ရေသူထီး‌လေးတစ်‌ယောက်သာဖြစ်သည်။
သူ့အကြေးခွံတွေကနက်မှောင်နေပြီးဆံပင်တွေကလည်းရှည်ကာအမြဲရေတွေနဲ့စိုစွတ်နေသည်။

ရေသူထီး‌လေးမှာသူငယ်ချင်းတစ်ယောက်ရှိသည်။
သူ့သူငယ်ချင်းက Gerald ဆိုတဲ့နာမည်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည်။
သူကအနီရောင်တောက်တောက်ဆံပင်တွေရှိတဲ့‌ကောင်လေးတစ်ယာက်ဖြစ်သည်။

ရေသူထီး‌လေးမှာကောင်းမွန်တဲ့မှတ်ဉာဏ်မရှိပေ။
နောက်ဆုံးမှာတော့၊ သူရဲ့သက်တမ်းကအရမ်းရှည်လျားတာကြောင့်အချိန်အတော်ကြာ‌အောင်ဖြတ်သန်းပြီးတဲ့နောက်သူ့အတွက်မထင်ရှားတဲ့ဦးနှောက်ထောင့်စွန်းကအဖြစ်အပျက်အကြောင်းအရာမှတ်ဉာဏ်များစွာကိုမေ့သွားခဲ့သည်။
ရေသူထီးလေးကသူ့ရဲ့နာမည်ကိုတောင်မမှတ်မိပါဘူး။
ဆိုတော့ထုံးစံအတိုင်း၊ သူ Gerald ကိုသူပထမဆုံးဘယ်လိုစတွေ့တာလဲဆိုတာကိုမေ့သွားခဲ့သည်။

ရေသူထီး‌လေးကကောင်‌လေးရဲ့နာမည်က "ရဲရင့်တဲ့သူရဲကောင်း"လို့အဓိပ္ပာယ်ရကြောင်းသိရှိလိုက်ရသောအခါတွင်မှ‌ကောင်မလေးနဲ့တူတဲ့ကောင်လေးကအမှန်တကယ်ယောက်ျားလေးဖြစ်ကြောင်းကိုနားလည်သွားခဲ့သည်။

အဲ့အချိန်‌တွေတုန်းကကောင်လေးကရာသီဥတုကောင်းရင်သူနဲ့စကားပြောဖို့နေ့ခင်းတိုင်း တောထဲလမ်းလျှောက်လာ
သည့်အလေ့အကျင့်ရှိလာခဲ့သည်။

နေ့လည်ခင်းနေရောင်ခြည်ကပြီးပြည့်စုံ သည်။
ရေသူထီး‌လေးရဲ့နူးနူးညံ့ညံ့အသားအရေကို တော့လောင်ကျွမ်းစေနိုင်မှာမဟုတ်ပါဘူး။
တောအုပ်ထဲကသစ်ပင်တွေ၊ သင်းပျံ့တဲ့ရနံ့တွေနဲ့အတူလေတိုက်ခတ်လာကာအရမ်းသာ ယာလှသည်။

ဒီနှစ်မှာတော့ရေသူထီးလေးကတစ်မနက်လုံး နေရောင်အောက်မှာအပူခံထားတာကြောင့်နွေး‌ထွေးနေတဲ့ကျောက်တုံးလေးတွေပေါ်မှာလှဲလျောင်းနေကာ Gerald ပြောပြတဲ့သူတစ်ခါမှမကြားဖူးသလိုနားမလည်နိုင်တဲ့အကြောင်းအရာတွေကိုနားထောင်နေသည်။

The Mermaid Who Didn't Know The SeaDonde viven las historias. Descúbrelo ahora