Part 1

801 59 6
                                    

Unicode

'​ထပ်​ပြော မင်းထပ်​ပြောစမ်း ငါကမင်းရဲ့ဘာလဲ'
သူမ​ မေး​စေ့ကို ထိုသူ၏လက်​ချောင်းသွယ်သွယ်များဖြင့် ခပ်ကြမ်းကြမ်းဆွဲကိုင်ကာ ​ဒေါသ​ရောယှက်​နေ​သော မျက်လုံးစိမ်းများဖြင့်ကြည့်​နေ​လေသည်။

ထိုသူ တစ်နည်းအားဖြင့် ထိုအမျိုးသမီးမှာ သူမထက်ကိုပင် လူ​ကောင်​​သေးငယ်​သော်လည်း သူမမယှဥ်နိုင်​သောခွန်အား ထိုအမျိုးသမီးထံတွင်ရှိသည်။

'သ...သခင်'

သူမတစ်ကိုယ်လုံး နာကျင်မှုဒဏ်ကိုမခံနိုင်​တော့သည့်​နောက်ဆုံးတွင် ထိုအမျိုးသမီး၏နှုတ်ခမ်း​ထောင့်ချိုးမြင့်တက်သွားသည်ကိုသာ သူမ​နောက်ဆုံးမြင်ခဲ့ရသည်။

'ထားရေ ထား'

'သခင် ' သူမ လန့်နိုးလာ​သောအခါ ထိုအမျိုးသမီး သူမ​ဘေးနားရှိ​မနေသည့်အပြင် သူမခန္ဓာကိုယ်တစ်ခုလုံးမှာလည်းတုပ်​နှောင်ခံထားရခြင်းမရှိ​ပေ။

'အဲ့တစ်​ယောက်ဘဲလား ထား'

'အင်း ယု'

ထား အိမ်မက်​တွေကထူးဆန်းတယ်။ထားအိမ်မက်ထဲက သခင် လို့သူ့ကိုယ်သူဆို​စေတဲ့အမျိုးသမီးအကြောင်းကို ထား ယုကို​ပြောပြဖူးတယ်။အဲ့အမျိုးသမီးမှာ လက်​ချောင်းသွယ်သွယ်​တွေ၊ဖြူ​ဖွေးလွန်းတဲ့အသားအရည်၊နှုတ်ခမ်းရဲရဲ​​တွေ၊သာမာန် ယုတို့လိုလူ​တွေထက်ထူးခြားတာက အဲ့အမျိုးသမီးမျက်ဝန်း​တွေကအစိမ်းရောင်တဲ့။ထား အိမ်မက်ကလန့်နိုးလာရင်​ကြောက်ရွံ့​နေတတ်​ပေမယ့် အဲ့အမျိုးသမီးအ​ကြောင်း ထားပြန်​ပြောပြ​နေရင်​​တော့ ထား မသိမသာပြုံးတယ်။

'ထား နိုးပြီဆို ယုမနက်စာပြင်ထားတယ် ကန်တင်းမှာမစားဘဲအတန်းမတက်ခင်စားသွားလိုက်​နော် ​​အော်ပြီး​တော့​လေ ကိုယ်တို့အခန်းကို လူအသစ်တစ်​ယောက်​ပြောင်းလာဖို့ရှိတယ် ကိုယ်က​တော့အခု ​နေ့လည်ပိုင်းအတန်းချိန်ရှိလို့ကွယ် ထားကိုဘဲအပ်ခဲ့လိုက်မယ်​နော်'

'အင်း ထား အဲ့အခန်းကိုနည်းနည်းပြန်ရှင်းထားလိုက်မယ် ​နောက်ဆုံး​နေသွားတဲ့တစ်​ယောက်​ပြောင်းသွားကတည်းက အခန်းမရှင်းရ​သေးတာ'

Passionate loveWhere stories live. Discover now