'မင်း သွားလို့ရပြီ ဖခင်ကိုပြောလိုက်ပါ ကိုယ် က သူတို့ရဲ့ချွေးမလောင်းကို အပိုင်သိမ်းပြီးရင် အိမ်တော်ကိုပြန်လာမှာမလို့ စိတ်မပူနဲ့ဆိုတာကို'
သူမ ကားပေါ်မှမဆင်းခင် ထိုအမျိုးသားကိုလှမ်းပြောလိုက်သည်။သူမတို့အိမ်တော်တွင် လုပ်သက်နှစ် ၄၀၀နီးပါးရှိနေပြီဖြစ်သော ထိုအမျိုးသားမှာ ဖခင်၏အယုံကြည်ရဆုံးသက်တော်စောင့်ဖြစ်လေသည်။
ဧကရီအနေနှင့် ထားကိုသူမအိမ်မက်ထဲသို့
သွား၍ ခဏခဏတွေ့နေကြ ဖြစ်သော်လည်း ထိုကောင်မလေးမှာ သူမကိုမှတ်မိနိုင်ပါ့မလား မသိချေ။သူမမှာ လွှမ်းမိုးရသည်ကို နှစ်သက်သည့်ဗီဇ ရှိသည်။အထူးသဖြင့် ထား အပေါ်တွင်ဖြစ်သည်။ထို့ကြောင့် သူမနဲ့ထား တွေ့ဆုံသည့်အခါတိုင်း အနိုင်ယူမိသည်။
သို့ပေမယ့် ယခုတွင်တော့ သူမကိုမြင်လျှင် ကြောက်ရွံ့နေမလား စိုးရွံ့မိသည်။ထားအနေနှင့် သူမကိုမမှတ်မိလျှင် သိပ်ကောင်းမည်။ကားပေါ်မှဆင်းဆင်းချင်း ဧကရီ အဆောင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။သူမ ချစ်မြတ်နိုးရသော ထားမှာ မေးထောက်ကာ လှမ်းကြည့်နေလေသည်။သာမန် လူများအဖို့ ဝိုးတိုးဝါးတားသာ မြင်နိုင်လောက်မည် ဖြစ်သော်လည်း သာမန်လူမဟုတ်သည့် ဧကရီ အဖို့ ထိုကောင်မလေး၏နှုတ်ခမ်းမွှေးညင်းရဲရဲလေးတွေမှအစ ကောင်းစွာမြင်တွေ့ရပေသည်။
သူမနှင့်အကြည့်ချင်းဆုံသောအခါ စိုးထိတ်သွားသည့်အမူအရာကိုကြည့်ခြင်းဖြင့် ထား သူမကိုမှတ်မိမှန်းအတတ်သိလေသည်။မမှတ်မိစရာအကြောင်းလည်းမရှိနိုင်ပေ။သူမ မျက်သားများမှာ အစိမ်းရောင်ဖြစ်နေသောကြောင့်ပင် အရောင်ပြောင်းလဲ၍လည်းမရနိုင်ပေ။သူမတို့မျိုးရိုးမှာ ဩဇာအာဏာကြီးမားသည့်အလျောက် မိသားစုတစ်ဆက်လုံး အစိမ်းရောင်ပင်ဖြစ်ကြသည်။အထူးသဖြင့် ညဘက်အမှောင်ထဲတွင် ထိုအစိမ်းရောင် မျက်သားမှာပို၍ထင်းလေသည်။သူမကိုသရဲ ဟုတွေးကာ ထားမေ့လဲသွားမည်ဆိုလည်း သူမ လက်ခံနိုင်ပါသည်။
ထား အခန်းဘက်သို့ အကြည့်လွှဲလိုက်သောအခါမှ သူမအစွမ်းကိုသုံးကာ
ထားဘေးနားသို့အရောက်သွားလိုက်မိသည်။ယနေ့ခေတ်လူသားများ ပြောကြသည့် teleport ဟုခေါ်သောအရာ။

YOU ARE READING
Passionate love
Vampireသာမာန် ထားတို့လိုလူတွေထက်ထူးခြားတာက အဲ့အမျိုးသမီးမျက်ဝန်းတွေကအစိမ်းရောင်တဲ့။