Unicode
'ထပ်ပြော မင်းထပ်ပြောစမ်း ငါကမင်းရဲ့ဘာလဲ'
သူမ မေးစေ့ကို ထိုသူ၏လက်ချောင်းသွယ်သွယ်များဖြင့် ခပ်ကြမ်းကြမ်းဆွဲကိုင်ကာ ဒေါသရောယှက်နေသော မျက်လုံးစိမ်းများဖြင့်ကြည့်နေလေသည်။ထိုသူ တစ်နည်းအားဖြင့် ထိုအမျိုးသမီးမှာ သူမထက်ကိုပင် လူကောင်သေးငယ်သော်လည်း သူမမယှဥ်နိုင်သောခွန်အား ထိုအမျိုးသမီးထံတွင်ရှိသည်။
'သ...သခင်'
သူမတစ်ကိုယ်လုံး နာကျင်မှုဒဏ်ကိုမခံနိုင်တော့သည့်နောက်ဆုံးတွင် ထိုအမျိုးသမီး၏နှုတ်ခမ်းထောင့်ချိုးမြင့်တက်သွားသည်ကိုသာ သူမနောက်ဆုံးမြင်ခဲ့ရသည်။
'ထားရေ ထား'
'သခင် ' သူမ လန့်နိုးလာသောအခါ ထိုအမျိုးသမီး သူမဘေးနားရှိမနေသည့်အပြင် သူမခန္ဓာကိုယ်တစ်ခုလုံးမှာလည်းတုပ်နှောင်ခံထားရခြင်းမရှိပေ။
'အဲ့တစ်ယောက်ဘဲလား ထား'
'အင်း ယု'
ထား အိမ်မက်တွေကထူးဆန်းတယ်။ထားအိမ်မက်ထဲက သခင် လို့သူ့ကိုယ်သူဆိုစေတဲ့အမျိုးသမီးအကြောင်းကို ထား ယုကိုပြောပြဖူးတယ်။အဲ့အမျိုးသမီးမှာ လက်ချောင်းသွယ်သွယ်တွေ၊ဖြူဖွေးလွန်းတဲ့အသားအရည်၊နှုတ်ခမ်းရဲရဲတွေ၊သာမာန် ယုတို့လိုလူတွေထက်ထူးခြားတာက အဲ့အမျိုးသမီးမျက်ဝန်းတွေကအစိမ်းရောင်တဲ့။ထား အိမ်မက်ကလန့်နိုးလာရင်ကြောက်ရွံ့နေတတ်ပေမယ့် အဲ့အမျိုးသမီးအကြောင်း ထားပြန်ပြောပြနေရင်တော့ ထား မသိမသာပြုံးတယ်။
'ထား နိုးပြီဆို ယုမနက်စာပြင်ထားတယ် ကန်တင်းမှာမစားဘဲအတန်းမတက်ခင်စားသွားလိုက်နော် အော်ပြီးတော့လေ ကိုယ်တို့အခန်းကို လူအသစ်တစ်ယောက်ပြောင်းလာဖို့ရှိတယ် ကိုယ်ကတော့အခု နေ့လည်ပိုင်းအတန်းချိန်ရှိလို့ကွယ် ထားကိုဘဲအပ်ခဲ့လိုက်မယ်နော်'
'အင်း ထား အဲ့အခန်းကိုနည်းနည်းပြန်ရှင်းထားလိုက်မယ် နောက်ဆုံးနေသွားတဲ့တစ်ယောက်ပြောင်းသွားကတည်းက အခန်းမရှင်းရသေးတာ'
YOU ARE READING
Passionate love
Vampirသာမာန် ထားတို့လိုလူတွေထက်ထူးခြားတာက အဲ့အမျိုးသမီးမျက်ဝန်းတွေကအစိမ်းရောင်တဲ့။