နှစ်တစ်နှစ်တိုင်းရဲ့ ပျော်စရာကောင်းတဲ့
ချစ်သူများနေ့တွေတိုင်းမှာ အရမ်းချစ်ကြတဲ့ချစ်သူတွေကလဲ အလွန်အမင်းပျော်ရွှင်ရီမောလျှက်ရှိကြပါတယ်.......အတွဲပေါင်းများစွာထဲကမှ သူတို့အတွဲလေးဟာလဲ ထိုနေ့ေလးကိုအပူအပင်ကင်းကင်းနဲ့ဖြတ်သန်းနေကြတယ်.....
"Hyungရေ ဒီနှစ်ချစ်သူများနေ့လက်ဆောင် ဘာပေးမှာလဲဟင်....သိေနပေမဲ့လဲထပ်မေးလိုက်တာ"
အသေချာဆူံးကတော့ သူသိပ်ကြိုက်တဲ့နှင်းဆီပန်းနီနီတွေဖြစ်ဖို့များပါတယ်.....
Hyungနာမည်ကKim Nam Joonတဲ့
ကိုယ်သိပ်ချစ်ရတဲ့ချစ်သူပေါ့... နှစ်တိုင်းချစ်သူများနေ့ဆို hyungကထူးထူးခြားခြားတွေထက် အရိုးရှင်းဆုံးသောနှင်းဆီပန်းတွေကိုသာလက်ဆောင်ပေးလေ့ရှိတယ် ဒီအရာတွေကရိုးရှင်းပေမဲ့hyungကိုပိုပိုအချစ်တိုးစေတယ်"ကလေးကြိုက်တဲ့ နှငိးဆီတွေလေ လှတယ်မလား"
"Hyungကလဲ....နှစ်တိုင်းဒီနှစ်ဆီတွေဘဲပေးပေးနေတာ ဒါပေမဲ့ဒီလိုရိုးရှင်းလွန်းတဲ့အကိုကြီးကိုဘဲ ချစ်နေမိတဲ့ ကိုယ်ကိုကိုယ်တောင်မယုံနိုင်တော့ဘူးဗျာ ကျေးဇူးတင်ပါတယ်နော်hyung"
"ကလေးကြိုက်တာတွေကိုဘဲဖြစ်စေချင် လုပ်စေချင်တာ hyungစိတ်ရင်းအမှန်မို့ ကျေးဇူးတင်စရာမလိုပါဘူးကွာ
ကလေးပျော်ရင်hyungအဆင်ပြေပါတယ်"Hyungကအရမ်းရိုးဆင်းလွန်းတဲ့လူ အလှအပတွေဖွဲ့နွဲ့တာထက် ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းတဲ့လူမို့ သူပျော်ရင်ကိုယ်ပါလိုက်ပျော်ပါတယ်....
Hyungကပန်းအလှဆင်ဆိုင်လေးနဲ့ပန်းဆိုင်လေးတွဲယှက်ဖွင့်ထားတယ် ပုံမှန်စီးပွားရေးလေးတစ်ခုပေါ့ ပန်းဆိုကိုယ်ကကြိုက်တော့ ကိုယ်အမြဲသုဆီသွားတိုင်းပန်းတွေတွေ့နိုင်အောင် hyungကရည်ရွယ်ထားခဲ့တာ
"ဒါနဲ့ကျွန်တော် နောက်အပတ်ထဲကကျောင်းဆင်းပီဆိုတော့ ရှေ့လလောက်ဆို အလုပ်သင်လုပ်ရတော့မယ်ထင်တယ် စိတ်တွေတောင်လှုပ်ရှားနေတယ်hyungရယ်"
YOU ARE READING
Chit Ya Thu (ချစ်ရသူ)🌜💜
Fanfictionအမုန်းတွေနဲ့စတင်ခဲ့တာလား..... အချစ်တွေနဲ့စတင်ခဲ့တာလား....