အရာအားလုံးသည် အဲ့ဒီ့နေ့က သူစိတ်မထိန်းနိုင်ခဲ့ခြင်းမှ စတင်ခဲ့လေ၏။
တစ်ကယ်တော့ အဲ့ဒီ့နေ့မတိုင်ခင်ကတည်းက သူနဲ့ထိုကောင်လေးတို့ရဲ့ ပတ်သက်မှုဟာ သာမန်ထက်ပိုပြီး ဆန်းကြယ်နေခဲ့တာဖြစ်သည်။
အင်ကြင်းပန်းလို နူးညံ့သိမ်မွေ့တဲ့ သူလိုလူက အချိန်ပြည့်စက်ဆီတွေ ပေကျံနေတဲ့ ထိုကောင်လေးအပေါ် စိတ်ယိုင်သွားလိမ့်မယ်ဆိုတာ တစ်ခါမှစိတ်ကူးမယဥ်ဖူးတဲ့ အိပ်မက်တစ်ခုသာ။ ဒါပေမယ့် အိပ်မက်တွေက လက်တွေ့ဆန်လာတဲ့အချိန်မှာ အမှန်တရားကိုနှစ်ယောက်စလုံး လက်ခံနိုင်ကြပါ့မလား။
တစ်ခါတစ်လေမှာ ကံတရားဟာ ဆန်းကြယ်လွန်းပါ၏။ ကိုယ်အမုန်းဆုံးလူသားကိုမှ ကိုယ့်နှလုံးသား အနက်ရှိုင်းဆုံး နေရာမှာထည့်ထားမိသည်။
တားမြစ်ထားတဲ့ ဆက်ဆံရေးကိုမှ ဇွတ်တိုးဝင်ချင်ကြတဲ့ ပိုးဖလံတွေလိုမျိုး...အချစ်ဆိုတဲ့ မီးပုံငယ်ထဲ ရူးမိုက်စွာ ခုန်ဆင်းခဲ့ကြလေရဲ့...
ဒုန်း ဒိုင်း ဂွမ်း။
ကိစ္စရှင်းနေတုန်း အခန်းနံရံကို လာရိုက်သောကြောင့် ရွှေဂွန်း ဒေါသထောင်းခနဲ ထွက်သွားရသည်။ ဘယ့်နှယ့် အိမ်သာတက်တာတောင် အေးဆေးမတက်ရဘူး။ ရွှေဂွန်းသည် စိတ်ထဲမှ ငြီးတွားရင်း အလျှင်အမြန်ရေဆွဲချလိုက်သည်။ ထိုစဥ် တစ်ဖက်မှ နံရံကိုရိုက်ခတ်တဲ့အသံများအပြင် အုအု အင့်အင့် အသံများပါ ဆက်ထွက်လာသည်။
ရွှေဂွန်းရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားသည်။ ဒီလူ...နေ့ခင်းကြောင်တောင်ကြီး အိမ်သာထဲမှာ အာသာဖြေနေတာလား။ အဲ့ဒီ့နောက်မှာတော့ အသံတွေ တဖြေးဖြေးကျယ်လောင်လာခြင်းနှင့်အတူ အခန်းထဲတွင် လူတစ်ယောက်ထဲမဟုတ်ကြောင်းကို ရင်းနှီးတဲ့အသံတစ်ခုမှတစ်ဆင့် ရွှေဂွန်း သိလိုက်ရလေသည်။
"အား...ဟုတ်တယ်...အား..ကောင်းလိုက်တာ..."
တဏှာစိတ်တွေမွှန်ထူနေတဲ့ အသံပိုင်ရှင်က ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်နိုင်ပဲ သူ့ရဲ့စိတ်ကျေနပ်မှုကို ဖွင့်လှစ်ပြသနေသည်။ နောက်တစ်ယောက်ကတော့ အသံထွက်ပြီး ဆန္ဒထုတ်ဖော်ဖို့အတွက် ပါးစပ်မအားဟန်မတူပဲ ဗလုံးဗထွေး ညည်းသံများသာ ကြားရလေ၏။