The story's Ending...

1.4K 113 17
                                        

ရေကန်နားမှာ ထိုင်နေရင်း
အနားရောက်လာတဲ့ ခြေသံကြောင့် သူ လှည့်ကြည့်လိုက်သည်။

အိုး..မိန်းကလေးငယ် တယောက်ပဲ။ သူမကို Karina လှိုက်လှဲစွာ ပြုံးပြလိုက်တယ်။

'ဟိုင်း..'

မိန်းကလေး က ခေါင်းငြိမ့်ရုံသာငြိမ့်ပြီး သူ့လို ရေကန်ထဲ ခြေဖျားလေးတွေမြုပ်ရုံသာ စိမ်လိုက်သည်။

' အဲ့ဒီမှာ အရမ်းဆူညံနေလို့ ဒီရောက်လာတာမလား'

အစက တယောက်ထဲ အေးဆေးနေချင်လို့ ဒီနေရာကို ရောက်လာခဲ့ပေမဲ့ ထိုမိန်းကလေး သူ့အနားလာထိုင်တာကို နဲနဲတောင် စိတ်မပျက်မိ။

'.... ဟုတ်တယ်'

' မစိုးရိမ်ပါနဲ့ ဒီနေရာမှာတော့ တိတ်ဆိတ်နေတာ'

သူမက ခေါင်းငြိမ့်တယ်။
ကြည့်ရတာ Rinaအမေးကို မဖြေချင်ဘဲ ဖြေနေရတဲ့ပုံပဲ။ Rina ကြိတ်ပြုံးလိုက်သည်။

'ငါ့နာမည်က Karina ပါ
Karina Yu.. '

သူမ ခနတာငြိမ်သက်သွားသည်ဟုထင်သည်။

'Winter... Kim'

'Kim? ဦးလေး Kim ရဲ့ များ တစ်ခုခု တော်စပ်သလား'

Winter က သူ့ကိုလှည့်ကြည့်တယ်။
ပြီးတော့ ပြုံးရင်း ခေါင်းငြိမ့်တယ်။

' ငါ့ အဖေပါ'

' တကယ်ကြီး?? ဦးလေးKim မှာ
သမီးရှိမှန်းမသိခဲ့ဘူး'

' ခုတော့ သိရပြီမဟုတ်လား '

ဘာကြောင့်မှန်းမသိ ။ ဤမိန်းကလေးနှင့် စကားပြောနေရသည်ကို Karinaနေသားကျလာသလို။ ရေကန်ဘေးမှာ အလေ့ကျပေါက်နေပြီးသား
မြက်ပင်လေးကို သူမ ဆွဲနှုတ်လိုက်တာမို့
သူ ဟန့်တားလိုက်မိသည်။

'ဟေးး အဲ့လိုမလုပ်နဲ့လေ.. သူတို့လဲ အသက်နဲ့ကို'

'အာ..ဆောရီး'

တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။
လရောင်က လင်းထိန်နေသည့်အပြင် ရေကန်ထဲမှာပါ လအရိပ်ကို မြင်နေရသည်။

'ဦးလေးKim က သူ့အိမ်ကိုလည်ဖို့ အမြဲ ငါ့ကိုခေါ်လေ့ရှိတယ်..'

ခဲလုံးလေးတစ်လုံးကြောင့် လှုပ်ရှားသွားတဲ့ရေပြင်နဲ့အတူ သူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာဖြစ်သည်။ သူ့ကိုလှည့်ကြည့်လာတဲ့ Winterကို
သူစိတ်လိုလက်ရ ပြုံးပြဖြစ်သည်။
ပြီးတော့ သူမရဲ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်တော့လဲ
ငြိမ်ခံနေပြန်သည်။
မသိရင် ပိုင်ရှင်ရဲ့ယုယမှုကိုခံယူနေတဲ့ ခွေးပေါက်လေးလိုပဲ။

But Yu (မင်းက လွဲလို့) Where stories live. Discover now