Winter Kim

1K 91 5
                                    


Winter Kim ဟာ အရာအားလုံးကို မုန်းနေတဲ့ မိန်းကလေးလို့ပြောရင် နည်းတောင်နည်းနေပါဦးမယ်။ လူမှန်းသိတတ်စအရွယ်ကတည်းက သူမ ရင်းနှီးခဲ့တဲ့ တစ်ခုတည်းသော ခံစားချက်က
အမုန်းတရားဖြစ်ခဲ့တာ။

ဟုတ်တယ်။ သူမက အရာအားလုံးကို မုန်းတယ်။
ဘယ်သူ သိနိုင်မှာလဲ.. သူမဟာ သူမရဲ့ ဖြစ်တည်မှုကိုတောင် ​မုန်းနေနိုင်သေးတယ်။

ဒါပေမဲ့ သူမ မမုန်းတဲ့အရာရှိနေသေးတယ် ။
သီချင်းတွေလေ...
သီချင်းတွေက သူမရဲ့ နားခိုရာမို့လို့။
..............................................

Winter Kim ဟာ အရာအားလုံးကိုမုန်းတယ်။
မေမေဆုံးသွားပြီးတည်းက ရောက်ခဲ့ရတဲ့ မိဘမဲ့ဂေဟာအပါအဝင်ပေါ့။
မနက်ဆို မိုးမလင်းခင် အစောကြီးထခိုင်းတဲ့ ဂေဟာက စစ်စတာကြီး ကိုလဲ မုန်းတယ်။ သူ့မုန့်ကို လာလာလုစားတဲ့ ဆံပင်ကောက်ကောက်နဲ့ ကောင်လေးကိုလဲမုန်းတယ်။

မေမေဆုံးပြီးတော့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ သူမကို
ဝိုင်းကြည့်ကြတဲ့ အမျိုးတွေရဲ့ သနားသလိုအကြည့်တွေကိုလဲ မုန်းတယ်။

Winter Kimဟာ ဆိုးသွမ်းတဲ့ ကလေးမဟုတ်ပေမဲ့ မေမေနဲ့သူမကို ဂရုမစိုက်ခဲ့တဲ့ ဖခင်ဖြစ်သူကိုတော့
မုန်းတယ်။

တစ်ဆယ့်နှစ်နှစ်အရွယ် Winter Kim မှာ အချစ်ဆိုတာမျိုးမကြုံဖူးလောက်အောင် အမုန်းတရားတွေနဲ့ ပြည့်နေခဲ့တယ်။

ဒီလိုဖြစ်အောင်လုပ်တဲ့ ကံတရားကိုလဲ သူမ
မုန်းတာပါပဲ။

ကြည့်ပါလား.. သူမက အရာအားလုံးကိုမုန်းနေခဲ့တာ။ အရာအားလုံးကို မုန်းချင်ခဲ့တာ။
အဲ့ဒီအမုန်းတရားကြောင့်ပဲ ဒီလောကဓံတွေကို
ခံနိုင်ရည်ရှိခဲ့တာလို့ ရူးရူးမိုက်မိုက်တွေးခဲ့တာ။
သူမကို ထိခိုက်လာမဲ့အရာတွေကို အဲ့ဒီအမုန်းတရားတွေနဲ့ သူမကိုယ်သူမ ကာကွယ်ထားခဲ့တာလေ။

သူမက အရာအားလုံးကိုမုန်းပေမဲ့ မိုးရေတွေကိုတော့
သဘောကျပါသေးတယ်။

................................................

' အားလုံးထည့်ပေးလိုက်တယ်
သူ့ပစ္စည်းတွေလဲ အကုန်ပါပါတယ်'

'ဟုတ်ပါပြီ..ကျေးဇူးတင်ပါတယ် စစ်စတာ'

စစ်စတာရဲ့အပြောကို ပြန်ဖြေပြီး ဖခင်ဖြစ်သူက သူမရှေ့ ဒူးတစ်ဖက်ထောက်ကာ သူမလက်မောင်းတွေကို
ဆုပ်ကိုင်တယ်။ ဖခင်ဖြစ်သူရဲ့ အကြည့်ကို လွှဲရှောင်လိုက်ပေမဲ့ သူမကိုအပြစ်မြင်ပုံမရတဲ့ ဖခင်ဖြစ်သူက ပြုံးတယ်။

But Yu (မင်းက လွဲလို့) Where stories live. Discover now