စာမြည်းလေး လာကျွေးတာ 🌚

398 37 37
                                    

မောင့်မဟေသီ

Unicode

ပူလောင်လွန်းတဲ့ ရှန်ဟိုင်းနွေရာသီမှာ လေးရာသီစံအိမ်တော်ကြီးထဲတွင် အင်္ကျီတွေအထပ်ထပ်ဝတ်ဆင်ထားရတဲ့ ကျယ်ဟန်တစ်ယောက် အလွန်အမင်း စိတ်မသက်မသာဖြစ်နေလေသည်။ သူသည် အလွန်ချွေးထွက်သန်သော လူတစ်ယောက်။ ထိုသည်ကို ဝတ်ရုံငါးထပ်လောက်လောက် လာဝတ်ပေးထားသောအခါ စိတ်က မကြည်ချင်တော့။ လေးရာသီစံအိမ်တော်သည် ရှေးဟောင်းတရုပ်နန်းတော်သဖွယ် ခန်းနား လှပလက်ရာမြောက်စွာ ပြင်ဆင်ထားပြီး ဗိသုကာလက်ရာ အရသာမပျက်စေရန် မသိမသာ တပ်ဆင်ထားသော လေအေးပေးစက်များကြောင့်သာ မဟုတ်လျှင် သူ အပူချိန်လွန်ကဲပြီး heatstrokeနှင့် မူးလဲနေလောက်ပြီ ဖြစ်သည်။

ဘေးနားမှ အစ်ကိုဝမ်းကွဲဖြစ်သူ ဝေကျယ်မင်ကို စွေစောင်းကြည့်မိတော့ အစ်ကိုက ရင့်ကျက် တည်ငြိမ်အေးချမ်းစွာနှင့် ငြိမ်သက်စွာ ရပ်နေသည်။

သူတို့တွေ့ရမည့်သူကတော့ ထွက်မလာသေးပဲ နောက်ကျနေလေ၏။ ကုန်းမျိုးရိုးက ပိုက်ဆံရှိတိုင်း အချိန်မလေးစားသူဟု စိတ်ပေါက်ပေါက်နှင့် နာမည်တပ်ချင်သည်။ ကုန်းမျိုးရိုးက ကျွင်းအင်ပါယာ Corporationကြီးတစ်ခုလုံးကို ပိုင်ဆိုင်ပြီး Supermarket, လူနေအိမ်ယာများစွာ ပိုင်ဆိုင်သောကြောင့် တရုပ်နိုင်ငံတစ်ခုလုံးတွင် နံပါတ်တစ် အင်အားတောင့်တင်းလှသည်။

​"အိမ်ရှေ့စံ အရှင့်သား၊ကြွလာပါပြီ။"

မိုးခြိမ်းသံလို ကျယ်လောင်ပြီး သြဇာအာဏာအပြည့်ရှိတဲ့ အသံတစ်ခုကြောင့် ကျယ်ဟန်ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားစေလေရဲ့။ နောက်ကို လှည့်ကြည့်မိလိုက်တဲ့အချိန်မှာတော့ လူတစ်အုပ်အရှေ့က ရှေ့ဆုံးက လူသားရဲ့ အလှဟာ သူ့အာရုံတွေကို ဆွဲညို့ငင်ယူဆောင်သွားပြီး စကားပင်ပြောဖို့ သတိမရတော့ပဲ အာစေးမိ ကျောက်ရုပ်ကြီးတစ်ခုလို ငုတ်တုတ်မေ့နေစေပါရဲ့။

ခပ်မဲ့မဲ့တွန့်ကွေးနေတဲ့ နှုတ်ခမ်းဖူးဖူး ခပ်ရဲရဲတစ်စုံ၊ နက်မှောင်နေသော မျက်ခုံး၊ စူးရဲရဲ မျက်ဝန်းလှလှနဲ့ မေးရိုးချွန်ချွန်၊ ဘာအပြစ်မှ ပြောစရာမရှိအောင် ခန့်ညားလှပါသော ထိုသူဟာ ရိုးရာဝတ်စုံ Hanfuဝတ်ရုံ အနီရဲရဲကို ဝတ်ဆင်ထားလေသည်။ ခါးအထိပင် ရှည်လျှားလှသော အနက်ရောင်ဆံပင်ရှည်တို့က ဖြာကျနေပြီး လမ်းလျှောက်လိုက်တိုင်း ကြည့်ကောင်းစွာ လေအဟုန်တွင် ဝဲ၍ လွန့်လူးနေကြသည်။ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားပြီး သူ့အလှဟာ မျောမိသွားသည့် ကျယ်ဟန်ကို သူ့ဘေးမှ ဖြတ်သွားသည့်အခါ မျက်လုံးထောင့်က သတိထားမိသွားပြီး ခပ်မဲ့မဲ့အပြုံးတစ်ခု နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးပေါ်လာခဲ့သည်။

My Dearest Beloved Empress Where stories live. Discover now