Part_32.

3.1K 246 9
                                    

ရိပေါ် အခန်းတံခါးဖွင့်ကြည့်တော့ ကုတင်ပေါ် လှဲနေတဲ့ အသက်ကိုတွေ့လေသည် ခြေလှမ်းကို ဖွဖွနင်းကာ အသက်ဆီတိတ်တိတ်လေးသွားပြီး ကုတင်ပေါ် ခုန်တက်ကာ အသက်ခါးလေးကိုဆွဲယူ ဖတ်ထားလိုက်သည်။

အမလေး!!

"မောင့်အသက်"

"ဘာလဲ..."

အသက်က နှုတ်ခမ်းကြီးထော်ပြီးထူးနေတာကြီးကလဲ စိတ်ဆိုးနေတာများလား။ တစ်ချက်ချက် မျက်စောင်းကထိုးထားနေသေးတယ်။

"ဗျာ...လို့မထူးတော့ဘူးလား"

"ထူးပါဘူး....မောင်တနေကုန် ဘယ်သွားနေတာလဲ ၊ အသက်ကိုပစ်ထားတယ်"

"မဟုတ်ပါဘူးအသက်ရဲ့....မောင်သူငယ်ချင်းတွေ နဲ့ စကားပြောနေလို့ပါ"

"မောင်....အသက်ကို ခနလွှတ်အုံး"

ရိပေါ် အသက်ခါးလေးဖတ်ထားတာကို အသက်က ရုန်းနေပြန်သည်။

"ဘာလုပ်မလို့လဲ မောင်ကချစ်လွန်းလို့ ဖတ်ထားတာကို "

"အင်းပါ..ခနလွှတ် အသက်ပြစရာရှိတယ်"

ပြစရာရှိတယ်ဆိုတာကြောင့် ရိပေါ် လွှတ်ပေးလိုက်ရသည်။ ကုတင်ပေါ် ကဆင်းကာ တိုင်မှာချိတ်ထားတဲ့ အင်္ကျီအိတ်ကပ်ထဲက ဘာတွေနှိုက်နေမှန်းမသိ ရိပေါ် သူ့အသက်ကိုသာ ကုတင်ပေါ် မေးထောက်ရင်း မျက်တောင်မခတ်သေချာကြည့်နေမိသည်။သူ့ဆီကို ဖြည်းဖြည်းချင်း လာနေတဲ့အသက်က လက်ကိုအနောက်ပစ်ကာ ဖွတ်ယူလာလေသည်။

"မောင်.....ဒီမှာ မောင့်အတွက်"

ကုတင်ပေါ်တက်ကာ သူ့ဘေးနားမှာထိုင်ပြီးဗူးလေးတစ်ဗူး ကို ဖွင့်ပြလာလေသည်။ ရိပေါ် ဗူးလေးထဲက ပစ္စည့်ကို ယူကြည့်မိတော့ အရိုး ဆွဲကြိုးလေး..

"မောင်..ကြိုက်လား အသက်က မောင့်အတွက်လက်ဆောင်ဝယ်ပေးတာ"

အဲ့ဒါ ကြောင့်မနက်က အသက်ဈေးဝယ်တုန်းက သူ့ကိုမလိုက်ခိုင်းတာပေါ့ ။ ရိပေါ် ဆွဲကြိုးလေးကို ကြည့်ပြီး ပျော်လည်းပျော်သလို မျက်ရည်ပါကျမိသည်။ ဆွဲကြိုးလေးကိုလက်က ကိုင်ကာ အသက်ကိုဆွဲဖက်လိုက်သည်။ သူသိပ်ချစ်ရတဲ့ အသက်ကို ထပ်ပြီး မနာကျင်စေချင်တော့ ခွဲလည်းမခွဲချင်တော့ဘူး ၊ဒါကြောင့် အသက်သဘောမကျတဲ့ ရိုစ့်ကိုတောင် သူ့သူငယ်ချင်းဖြစ်နေပါစေ သူတို့ကြားမဝင်ဖို့ သတိပေးစကားပြောခဲ့ဖူးတာပဲ။

♡︎Someone Like You♥︎{မောင့်လိုလူ} Donde viven las historias. Descúbrelo ahora