💙6💙

11.9K 1.2K 134
                                    

《အခန်း-၆》

『ဇာတ်လိုက်မင်းသား၏ပြောင်းလဲမှု』

_______×_______

Jungkook ကိုရေသတ္တဝါကြီးတွေစားသွားပြီအထင်နှင့် အားလုံးက သနားနေကြသည်။
Jungkook မရှိမှတော့ ကျန်တဲ့တစ်ယောက်က ကိုယ်ရံတော်ဖြစ်မှာ အသေအချာပင်။
အိမ်ရှေ့စံက Jungkook ကို သဘောမကျလို့အခုလိုမျိုးလုပ်လိုက်တာဟု အားလုံးက တွက်ဆနေကြသည်။

"ဒါဆိုရင် .. အိမ်ရှေ့စံရဲ့ကိုယ်ရံတော်ရာထူးကို ဒီက မောင်မင်းကိုပဲ ချီးမြှောက်တော်မူပါ့မယ်"

အမတ်ကြီးရဲ့ထိုစကားကြောင့် Yeon Woo တော်တော်လေးကျေနပ်သွားသည်။
အိမ်ရှေ့စံကတော့ဘာတစ်ခွန်းမှဝင်မပြော။

မင်းကြီးက အမတ်ကြီးလာဆက်သတဲ့ဓားကိုကိုင်လိုက်ပြီး Jeon Yeon Woo ကို မော်ဖူးစေလိုက်သည်။
ကိုယ်ရံတော်အဖြစ် ချီးမြှောက်တော်မူမည့်အချိန်တွင်

"ဒါဆိုရင် ကျွန်တော့်အတွက်မတရားတာပဲ"

ရေထဲကနေ ထွက်ပေါ်လာခဲ့တဲ့ Jungkook .။
သူ၏ ဆံနွယ်ရှည်တွေကို ခါရမ်းကာ လက်ထဲက ဓားကိုလဲ မြဲမြံစွာကိုင်ထားသေးသည်။
သူ၏အကြည့်တို့သည်လဲ စူးရှနေလွန်းသည်။
ဒဏ်ရာတစ်ချို့ရလာပေမယ့် သူက ဖြုံပုံမပေါ်။
ရေထဲကရဲရဲထထနေတဲ့သွေးတွေသည်လဲ အမှန်စင်စစ် ရေသတ္တဝါတို့၏သွေးတွေသာဖြစ်ပေလိမ့်မည်။

"ဒါဘယ်လိုဖြစ်နိုင်မှာတဲ့လဲ"

Jeon Yeon Woo အံ့သြကာ အသံပင်ထွက်မိသွားသည်။
ဒီဆန်ဂျုံးကန်ကြီးထဲကျသွားတဲ့မည်သူမျှ အသက်မရှင်သန်နိုင်ခဲ့ဘူး။
Jeon Jungkook က ဘယ်လိုလုပ်ပြီး...

Jungkookကမင်းကြီးကို ခစားလိုက်ပြီး

"အိမ်ရှေ့စံရဲ့ ခက်ခဲတဲ့စမ်းသပ်ချက်ကိုခံလိုက်ရတဲ့ ကျွန်တော့်အတွက် မျှမျှတတစီစဥ်ပေးပါ မင်းကြီး"

မင်းကြီးလဲ အကျပ်ရိုက်သွားပေမယ့် ဒီကိစ္စကို အိမ်ရှေ့စံ ကိုသာဆုံးဖြတ်စေလိုတာကြောင့်

"သားတော် အိမ်ရှေ့စံရဲ့ သဘောထားအတိုင်း လုပ်ဆောင်ပါ"

"သားတော်အနေနဲ့ Jeon Jungkook ကိုပဲ ကိုယ်ရံတော်အဖြစ်ရွေးချယ်ပါ့မယ်။ ဆန်ဂျုံးကန်ကြီးထဲကနေ မသေပဲပြန်ထွက်လာနိုင်တာက သားတော်အတွက်ပြန်လာတာလို့ပဲ မှတ်ယူလိုက်ပါ့မယ်"

Villain King And His Boyfriend (Completed)Where stories live. Discover now