💙8💙

11.9K 1.3K 74
                                    

《အခန်း-၈》

『ဇာတ်လိုက်မင်းသား နာကျင်ခံစားနေရတယ်!!!!』

_______×_______

"ဒီဓားကြီးကဘာလုပ်ဖို့လဲ"

"အရှင့်သားမှာ အန္တရာယ်တစ်ခုခုကြုံလာရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လေ"

"ငါ့မှာ ကိုယ်ရံတော်ဖြစ်တဲ့မင်းရှိနေတာပဲ ။ ဒါတွေကလိုအပ်လို့လား"

"ဒါပေမယ့် ရှင်ဘုရင်ဖြစ်လာတဲ့အခါ အရေးကြီးတယ် အရှင့်သား ။ ကျွန်တော်မျိုးက အရှင့်သားရဲ့ ဘေးမှာအချိန်ပြည့် ရှိနေနိုင်မယ်လို့ အာမ မခံနိုင်ဘူးလေ"

"ဒါနဲ့ နေပါအုံး ။မင်းကငါ ကိုယ်ခံပညာမတတ်တာကို ဘယ်လိုသိတာလဲ"

ထိုစကားကြောင့် ဇာတ်လိုက်မင်းသားက ဟက်ဟက်ပက်ပက်ရယ်သည်။
ဘာလဲ ငါပြောတဲ့အထဲမှာ ရယ်စရာပါသွားလို့လား ။

"အရှင့်သား ကိုယ်ခံပညာမတတ်တာကို နန်းတွင်းတစ်ခုလုံးသိကြတယ်"

"အော်.."

ဟုတ်တာပဲ ။ အဲ့တာကြောင့်လဲ Villain King က ခဏခဏ လုပ်ကြံခံရတာ ။

"အရှင့်သား သင်ယူမယ်မဟုတ်လား"

"ကောင်းပြီ"

လက်ထဲကို ဓားတစ်ချောင်းလှမ်းပစ်ပေးသည်။
ထို့နောက် ခန္ဓာကိုယ်ကို အသင့်အနေအထားဖြင့် တိုက်ခိုက်ဖို့ပြင်သည် ။

"အရှင့်သား ဓားကိုင်ပုံက မှားနေပါတယ်"

ဓားကို တည့်တည့်ကြီးကိုင်ထားတဲ့ သူ့လက်ပေါ်ကို လာပြီးအုပ်ကိုင်တဲ့ ဇာတ်လိုက်မင်းသားရဲ့ လက်အစုံ ။

"ဒီလိုမျိုး..."

အခု Taehyung က Jungkook ရဲ့ ရင်ခွင်ထဲမှာ။
Jungkook ရဲ့လက်တွေက Taehyung ရဲ့လက်တွေပေါ်ကို ထပ်ကိုင်ထားသည်။

"ပြီးရင် ဓားကို ဒီလိုမျိုး လွှဲရတယ်"

စာမရေးတတ်တဲ့ကလေးငယ်တစ်ယောက်ကို လက်မိုးကာစာရေးသင်ပေးသလိုမျိုး သူ့ကို ဓားရေးသင်ပေးနေတဲ့ ဇာတ်လိုက်မင်းသား။

ရင်ခွင်ထဲကနေပြီး အခုလိုမျိုးကြီးနေနေရတာ တစ်မျိုးပဲ ။
ခံစားချက်ကြီးက ဘယ်လိုမျိုးလဲ ပြောမပြတတ်တော့ဘူး ။

Villain King And His Boyfriend (Completed)Where stories live. Discover now