Ep.1 U/Z

32 6 5
                                    

အချိန်အားဖြင့်မနက်5နာရီ။
ဒီအချိန်ဆိုလူခြေတိတ်ချိန်ဖြစ်နေသေးပေမယ့်ပုံမှန်အတိုင်းနိုးနေသည့်ကောင်လေးတစ်ယောက်ရှိနေသည်။

ထိုလူသားသည်နိုးလာသည်နှင့်ရေချိုးမျက်နှာသစ်ပြီးလှေကားထစ်အတိုင်းအောက်သို့ဖြေးညှင်းစွာဆင်းလာနေသည်။

နံရံအပေါ်ဖက်မှနာရီကတော့5:30မိနစ်ရှိပြီဆိုတာပြသနေလျက်ပင်။

"5:30အလုပ်က6:00ဟူးးးးးးးမနက်စာပြင်ရအုံးမယ်။"

ပြောလည်းပြောလမ်းလည်းလျှောက်လာရင်းအိမ်နောက်ဖေးသို့ရောက်လာသည်။လွယ်လွယ်ကူကူမနေ့ကကျန်သည့်ထမင်းကြမ်းကိုသာအရသာမုန့်ထည့်ပြီးကြော်လိုက်တော့သည်။

သူတို့အတွက်မနက်စာဆိုသာရွေးချယ်ရမည့်အရာမဟုတ်ပါ။သူတို့ကသာမာန်လူတန်းစားပဲလေ။ရှိတဲ့ဟာကိုပဲမနက်စာအတွက်ပြင်ဆင်ရသည်။

ထိုကောင်လေးရဲ့နာမည်ကတော့မှေးစက်ညိုတဲ့။အသက်ကတော့နောက်နှစ်လနေ25နှစ်ပြည့်ပြီးဖြစ်သည်။လူကတော့ပုပုသေးသေးညှပ်ညှပ်ကလေးသာ။သူ့ညီလေးနှစ်ယောက်တောင်သူထက်ခန္ဓာကိုယ်ပိုထွားအုံးမည်။

မနက်စာပြင်ဆင်ပြီးသည်နောက်ထပ်လုပ်ရမည့်တာဝန်ကအိမ်တံမြတ်စည်းလှည်းဖို့နှင့်ငပျင်းနှစ်ကောင်ကိုနိုးဖို့သာဖြစ်သည်။

အိမ် တံမြက်စည်း လှည်းပြီးသည်နှင့်သူ့ညီနှစ်ယောက်ရဲ့အခန်းထဲသို့ခြေသံတိုးတိုးဖြင့်သာဝင်လာလိုက်သည်။

အခန်းပုံစံမှာတော့သိပ်မကျယ်ပေမယ့်လူနှစ်ယောက်စာ​လောက်တော့နေလို့ရသည်။ကုတင်နှစ်လုံးရယ်။ဗီဒိုတစ်လုံးရယ်စားပွဲတစ်လုံးရယ်ဒါ့အပြင်ဘာပစ္စည်းမှအပိုမရှိပါ။

"ဟိတ် ဟိုနှစ်ကောင် ထတော့ မိုးလင်းနေပြီ"

ပါးစပ်ကပြောရင်းလက်ကအလတ်ကောင်ရဲ့ပခုံးကိုတို့နေသည်။

"ဟမ် အကိုကလည်း မနက်မိုးလင်းတာတော့သိတာပေါ့လို့"

အသံကတော့အိပ်ရာနိုးကာစလူတွေရဲ့အသံအတိုင်းပလုံးပထွေးနှင့်သာပြန်ပြောသည်။

"အဲ့တာဆိုထတော့လေ 6:35 ဖြစ်နေပြီ။"

"အင်းအင်းခဏလေးပဲ ခဏလေးဆို ခဏလေးပဲအိပ်မယ်နော်2မိနစ်နေလာနိုးနော်"

A cup of posion mixed with your love for youWhere stories live. Discover now