မှေးစက်ညိုဒီနေ့စောစောနိုးနေသည်။ဆေးရုံရဲ့ပြတင်းပေါက်လေးကနေတစ်ဆင့်နေထွက်လာမည့်အချိန်ကိုစောင့်နေလိုက်သည်။
ဒီနေ့မင်းနေဝန်းနဲ့လရောင်ဝန်းတို့ဆေးရုံကိုလာမယ်လို့ပြောထားသည့်အတွက်ကြောင့်လည်းစောစောထသာလည်းပါသည်။
အပြင်ကိုကြည့်တော့နေတောင်ထွက်နေပြီ။ဉီးမောင်ကတော့မနက်စာစားဖို့သွားဝယ်နေပြီ။ဉီးမောင်ကတော့သူထက်တောင်အရင်နိုးတာဖြစ်သည်။ဆေးရုံကတော့အကောင်းစားအခန်းကိုငှားထားတာဖြစ်ပေမယ့်သူ့စိတ်ထဲမှာတေယ့ဒီဆေးရုံအခန်းကအရမ်းမွမ်းကြပ်သည်။မှေးစက်ညိုကတော့အပြင်လောကလောက်မလွပ်လပ်ဘူးထင်သည်။
"ဟာ လူလေးနိုးပြီလား"
မှေးစက်ညိုတစ်ယောက်အတွေးတို့လွန်နေချိန်ဆေးရုံအခန်းတံခါးကိုအသံကျယ်ကျယ်ဖွင့်လိုက်ပြိးဝင်လာတဲ့ဉီးမောင်ကိုလည်းတွေ့လိုက်ရသည်။လက်ထဲမှာတော့မုန့်ဟင်းခါးနှစ်ပွဲကိုလက်ကကိုင်ပြီးဝင်လာသည်။
"ဟုတ် ဉီးလေးနိုးနေပြီ အပြင်ကိုကြည့်နေတာလေ လေကောင်းလေသန့်ရအောင် ဒါနဲ့ဒီနေ့ကျွန်တော့်ညီလေးနှစ်ယောက်လာမယ်တဲ့လာလို့ဖြစ်ရဲ့လား"
မှေးစက်ညိုကအားနာသလိုပြောလိုက်ပေမယ့်ဉီးမောင်ကတော့ရယ်နေလေရဲ့။
"ပြောစရာလိုသေးလားလူလေးရယ် ကိုယ့်ညီလေးတွေပဲဟာ ဉီးလေးတို့လည်းမကန့်ကွက်ပါဘူး"
"ဟုတ်ဉီးလေး"
ဒီလိုနဲ့အရာရာဟာပုံမှန်အတိုင်းပဲပြန်တိတ်ဆိတ်သွားပြီးမှေးစက်ညိုရဲ့ညီလေးနှစ်ယောက်လာမည့်အချိန်ကိုပဲမျှော်နေလိုက်သည်။နှစ်ယောက်လုံးကတော့တိတ်ဆိတ်လျက်ပင်။
7:00လောက်ကျတော့မင်းနေဝန်းနဲ့လရောင်ဝန်းတို့လက်ထဲကပစ္စည်းတွေတစ်ပုံတစ်ထောကြီးကိုင်ပြီးရောက်လာကြသည်။
ဆေးရုံလုံခြုံရေးကသူတို့ကိုသေသေချာချာစစ်ဆေးပြီးမှလာခိုင်းလို့ပြောတေယ့မှသူတို့သွားတွေ့လို့ရခဲ့သည်။မင်းနေဝန်းကတော့မေတ္တာတွေပို့လျက်။
ထိုလိုနဲ့ပဲမှေးစက်ညိုရှိတဲ့အခန်းထဲကိုရောက်လာတော့
"အကို အဆင်ပြေရဲ့လား သက်သာလားဟင်"
YOU ARE READING
A cup of posion mixed with your love for you
Actionဒါကတော့အသစ်ရေးမယ့်fictionပါ။dramaပါပါတယ်။ရိုးရိုးရှင်းရှင်းလေးပါပဲဗျ။အရင်အကောင့်မှာfictionရေးဖို့အခက်အခဲလေးတွေရှိလို့ဒီအကောင့်မှာfictionရေးတာဖြစ်ပါတယ်ဗျ။ကြိုက်နှစ်သက်ရင်အားပေးကြပါအုံးဗျ။