"မလာစဖူး လာလို့ ထူးဆန်းနေတာ ... အခု မှောက်အောင်သောက်နေတဲ့ နင့်ကို ငါပိုထူးဆန်းနေပြီ ယွန်းဝင့်လွှာ ... ကြည့်ဦး တစ်ခွက်တောင် မကုန်သေးဘူး ... မူးနေပြီ ...."
နီယွန် မီးသီးကြီးများ တလဲ့လဲ့တောက်နေသော ချစ်စုမော်ရဲ့ barဆိုင်လေး၌ ... သူငယ်ချင်းကို ရင်လာဖွင့်ရင်း ဝိုင်ခွက်သေးသေးနဲ့ ဝိုင် ပိကျိလေးကို တစ်ငုံ နှစ်ငုံ သုံးငုံသာ သောက်ရုံရှိသေး ယွန်းဝင့်လွှာ မှောက်နေတော့သည် ...
ည၈နာရီကတည်းက bar ထဲရောက်ပြီး ရင်ဖွင့်တာ အခုဆို ၁၀နာရီ ထိုးခါနီးပြီ ... မြန်မာဝတ်စုံနှင့် ရိုးရိုးအေးအေးလေးသာ နေတတ်တဲ့ ဝင့်လွှာဟာ ... မထင်ထားစရာ အပြုအမူတွေဖြင့် မူးမူးရူးရူးသာ ဖြစ်နေပါတော့သည် ... တစ်ခွက်လုံး မော့ချလိုက်ပြီး ဝိုင်ရဲ့အရသာကို ရင်ဖက်ကြီး တစ်ခုလုံးနဲ့ ခံစားရင်း မူးယိုင်ယိုင် လေသံလေးဖြင့် ...
"ချစ်စု ... ငါ့ ငါ့ရင်ဘက်ထဲက အရမ်းနာ တယ် ဟာ ... ငါ့ နှလုံးသားတစ်ခုလုံး တောမီးလောင်သလို ဟိန်းဟိန်းတောက်နေပြီ ... ငါလေ ငါ သော့်ကို သိပ်ချစ်တာဟ ... ဒါကို သော် သိရက်သားနဲ့ ... ငါ့ဘက်ကို တစ်ချက်တောင် ငဲ့မကြည့်ဘူး ..."
"ဒီလို တစ်နေ့ဖြစ်လာမှာ နင်လည်း သိသားပဲဟယ် ..."
"သူတို့ မတွေ့လောက်တော့ဘူး ထင်လို့ပေါ့ဟာ ... ငါ ငါဘာဖြစ်လို့ ဒီဆရာဝန်အလုပ်ကို လုပ်မိသွားရတာလဲ ... ငါ ဝါသနာပါတာလည်း မဟုတ်ပဲနဲ့ ... အဲ့တာတွေက သော့်ကြောင့် ... သော့်ကြောင့်သာ မဟုတ်ရင် ... ငါ ဒီလမ်းကို ရွေးမိမှာ မဟုတ်ဘူး ... ငါသာ သာမာန်လုပ်ငန်းခွင်ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ရင် ... သော့်ကို ဂရုမစိုက်နိုင်မှာ မဟုတ်သလို ... သော်နဲ့လည်း ဒီလို ဝေးရမှာ မဟုတ်ဘူး ဟာ ..."
"နင် အလုပ်အားတဲ့အချိန်တိုင်း သော့်ဆီကို အပြေးသွားနေတာပဲ ... သော် ဖြစ်ချင်တာတွေလည်း နင်ဖြည့်ဆည်းပေးနေတာပဲ ... သော် နင့်ကို တစ်နေ့နေ့တော့ နားလည်မှာပါ ... အားတင်းထား ..."
"သော့်အတွက်ဆို အမြဲစဉ်းစားပေးနေမိတဲ့ အကျင့်ကြီးက ... အခုကျမှ ဓားဒါဏ်ရာလိုပဲ ထိုးမိကာမှ နာကျင်လာတာ ..."
YOU ARE READING
𝙽𝚘𝚝 𝚃𝚘 𝙱𝚎 𝙻𝚘𝚟𝚎𝚍
General Fiction( Complete ) အချစ်ဦး ၊ ငယ်ချစ်ဦး ဆိုတာ ဘယ်တော့မှ မပေါင်းဖက်နိုင်တဲ့ ဖူးစာရှင်တွေပဲတဲ့ ။ 𝘸𝘳𝘪𝘵𝘵𝘦𝘯 𝘣𝘺 𝙢𝙤𝙧𝘼_𝙣𝙮𝙚𝙞𝙣