ဒီနေ့ သူနဲ့ကျွန်တော်ရဲ့ အိမ်ထောင်သက်တမ်း ငါးနှစ်ပြည့်ဖြစ်တာကြောင့် ကျွန်တော်ဖုံးကွယ်ထားသည့် ပျော်ရွှင်စရာအကြောင်းအရာလေးကို သူ့အားပြောပြရန် ကျွန်တော် အိမ်ကို စောစောပြန်လာတော့သည်၊သူ့ကို ကျွန်တော် ခရီးသွားနေတာဟု လိမ်ပြောထားပြီး အမှန်တော့ ကျွန်တော့်ဗိုက်ထဲမှာ ရတနာလေးရှိမရှိ သူငယ်ချင်းအိမ်မှာ နှစ်ရက်လောက်နေကာ သေချာမသေချာစစ်ဆေးနေခဲ့ခြင်းဖြစ်သည်၊ ဆီးစစ်သည့်အခြေအနေအရဆိုရင် အနီရောင်နှစ်ချောင်းပေါ်ရင် ကိုယ်ဝန်ရှိနေခြင်းဖြစ်တာကြောင့် ဆေးရုံမှာ ပိုမိုသေချာအောင် စစ်ဆေးပြီးနောက်မှာ သူတို့ရဲ့အလင်းရောင်လေးဟာ သူရဲ့ဗိုက်လေးထဲ ရောက်နေခဲ့ပြီ၊
လီဆောင်ဂျင်တစ်ယောက် တိုက်ခန်းအရှေ့ရောက်တော့ ပတ်မင်ဟွန်းဆီ ဖုန်းမဆက်တော့ပေ၊ဘာပဲဖြစ်ဖြစ် မင်ဟွန်းက ဒီချိန်မှာ အလုပ်မှာပဲ ရှိနေသေးမည်မလား၊သူအနေနဲ့ မင်ဟွန်းအတွက် သူတို့ရဲ့တိုက်ခန်းကို လှလှပပြင်ဆင်ထားပြီး စောင့်နေဖို စိတ်ကူးပြီးသားဖြစ်သည်၊ဒါကြောင့် လီိဆောင်ဂျင်တစ်ယောက် သီချင်းလေးတညည်းညည်းဖြင့် တိုက်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သည့် အိုမီဂါဟော်မုန်းနံ့နဲ့ အယ်လ်ဖာဟော်မုန်းများကြောင့် သူရဲ့လက်ထဲက ပစ္စည်းများဖြင့် အောက်ကို ပြုတ်ကျသွားတော့သည်၊
ထိုရင်းနှီးလာသည့်ဟော်မုန်းနံ့များကြောင့် သူမျက်ရည်မကျမိစေရန် ပါးစပ်ပေါ်လက်အုပ်လိုက်ပြီး ဟော်မုန်းများ ယိုစိမ့်ထွက်လာသည့် အိပ်ခန်းဘက်ကို ဦးတည်လျှောက်လာတော့သည်၊ လီဆောင်ဂျင် မြင်လိုက်ရသည့် မြင်ကွင်းများကြောင့် သူရဲ့မျက်ဝန်းများဟာ အံ့အားသင့်စွာ ပြူးကျယ်သွားပြီးနောက် သူရဲ့မျက်နှာဟာ ဒေါသကြောင့် နီရဲနေတော့သည်၊ သူရဲ့ရင်ဘက်များဟာလည်း စုတ်ပြတ်မတက်နာကျင်နေပေမယ့် သူ့နူတ်ခမ်းများကတော့ ပြုံးယောင်သန်းနေခဲ့သည်၊ ထိုနောက် လီဆောင်ဂျင်ဟာ ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး ထိုချစ်ပွဲဆင်နွဲနေသည့် သူနဲ့ငါးနှစ်လုံးလုံးရှိနေသည့် သူ့လက်ထပ်ထားသည့်ယောကျာ်းနဲ့ သူငယ်ငယ်ထဲက ပေါင်းသင်းခဲ့သည့် ငယ်သူငယ်ချင်း မင်ဟွာဆိုးတို့ ပြီးဆုံးမည့်အချိန်ကို စောင့်နေခဲ့သည်၊တဖြည်းဖြည်းပါးလာသည့် ဟော်မုန်းအနံ့များဟာလည်း မကြာခင်မှာပျောက်ကွယ်သွားတော့သည်၊တအောင့်ကြာတော့ ပတ်မင်ဟွန်းဟာ အခန်းထဲကနေ ထွက်လာကာ လီဆောင်ဂျင်ကို မြင်သည်နှင့် ထိတ်လန့်သွားကာ...