~၁~

792 119 63
                                    

( Chinese short flimလေးတစ်ပုဒ်ကိုကြည့်ပြီး ideaရသွားသည်မို့လို့ idea credit ပါဗျာ။ OST songလေးဖြစ်တဲ့ horang suholga [ 푸른 달아 ] ကုိနားထောင်ရင်းဖတ်မယ်ဆို ဇာတ်လမ်းထဲပိုပြီးစီးမျောနိုင်မယ်လို့ယုံကြည်တာကြောင့် အဲ့တာလေးနားထောင်ရင်းဖတ်ဖို့အကြံပြုပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့သီချင်းနားထောင်ရင်း moodဝင်ပြီး ဒီficကို ကောင်းကောင်းရေးနိုင်ခဲ့တာကြောင့်ပါ။ )

Unicode

ပန်းတွေကို သိပ်ချစ်တဲ့ဂျီမင်။

ဇာမဏီငှက်လေးလိုပျံသန်းချင်တဲ့ဂျီမင်။

တိမ်စိုင်တွေလို လွတ်လပ်ချင်တဲ့ဂျီမင်။

ပန်းချီတွေလို လှပတဲ့ဂျီမင်။

လမင်းလို ဖြူစင်တဲ့ဂျီမင်။

မိုးရိပ်လို နွမ်းလျတဲ့ဂျီမင်။

နှင်းစက်လို အေးမြတဲ့ဂျီမင်။

ယောက်ျားပျိုတစ်ဦးကို ချစ်မိတဲ့ဂျီမင်။
..........

" ဂျီမင်... "

မနီးမဝေးအကွာအဝေးတစ်ခုကနေ ပျံ့လွင့်လာတဲ့အသံကြောင့် ဂျီမင် မိုးမခပင်ကြီးကို မော့ကြည့်နေရာမှ သက်ပြင်းချကာ မကြားချင်ယောင်ဆောင်လိုက်သည်။ မကြာပါ ခြေသံတစ်စုံက သူ့အနားကိုရောက်လာသည်။

" ဂျီမင်က ဒီရောက်နေတာပဲ "

ပုခုံးပေါ် လက်တင်ပြီးပြောလာသဖြင့် ဂျီမင် လျစ်လျှူဆက်ရှုလို့မရတော့။ ထိုင်နေတဲ့ ကျောက်ခုံပုလေးပေါ်ကထကာ အရိုအသေပေးလိုက်သည်။

" လူကြီးမင်းကို နှုတ်ခွန်းဆက်သပါတယ် "

ခါးကိုပါ တစ်ဝက်လောက် ကိုင်းချလိုက်တာကြောင့် မစည်းမနှောင်ဘဲ ဒီတိုင်းချထားတဲ့ ပိတုန်းရောင်ဆံပင်နက်နက်တွေက ကျောပြင်ပေါ်ကနေ လျှောကျသည်။ ခရမ်းနုရောင် ဝတ်ရုံအပါးလေးနဲ့ ဂျီမင်က နေရောင်ခြည်အောက်က ပွင့်လန်းစ နှင်းပန်းလေးလို သစ်ဆန်းလို့နေသည်။

" ပြောပါဦး၊ မနက်က ကိုယ်နဲ့အတူ စားတော်မတည်ရတဲ့ အကြောင်းလေး "

ဂျီမင် ကိုယ်ကိုပြန်မမတ်မိ။ ခါးကိုင်းထားရာကနေ မြင်နေရတဲ့ လူကြီးမင်းရဲ့ အနီရောင်ဝတ်ရုံစကိုပဲ အကြောင်းမဲ့ကြည့်နေမိသည်။

တိမ်တိုက်တွေရဲ့အလွန်Where stories live. Discover now