~၈~

370 70 68
                                    

Unicode

ကောင်းကင်ယံမှာ အမှောင်ထုက အတိအလင်းမကင်းစင်သေး။ မဟူရာရောင်နဲ့ ရွှေရောင်တိမ်တိုက်တွေက ရောနှောနေသည်။ နေ့အရှင်နဲ့ ညသခင်ဖြစ်တဲ့ သူရိယနေမင်းနဲ့ စန္ဒာလမင်းဟာ မျက်နှာချင်းဆိုင်လျက်။ ပကျီပကျီအသံများကိုပင် ကျယ်ကျယ်လောင်လောင်မကြားရသေးပါ။ နေရောင်ခြည်ဟာ ဝေလီဝေလင်း။ ပတ်ဝန်းကျင်မှာ သူ့ဖိနပ်နဲ့ သစ်ရွက်ခြောက်တွေ ထိကပ်တဲ့အသံ တချွတ်ချွတ်ကိုသာ ကြားနေရသည်။

" ကျီးမနိုးသေးဘူးလား "

မြင်တွေ့နေကျ ကျီးကန်းတွေပင် တအာအာအော်ပြီးထွက်မလာသေးပေ။ အချိန်က အခုမှ ကျီးမနိုးချိန်ပဲရှိသေးတာပေါ့၊ စောသေးတာပဲ။ အတွေးနဲ့အတူ ဂျောင်ကု တောင်ခြေကိုရောက်လာသည်။ စံအိမ်ကနေ နေမထွက်ခင် ဂျောင်ကုထွက်လာတာဖြစ်သည်။ အမှန်ပြောရရင် စံအိမ်ကနေထွက်မလာချင်ပေမယ့် ဂျီမင့်ရဲ့ လာတွေ့ပါ့မယ်ဆိုတဲ့စကားကို ယုံစားပြီး ထွက်လာခဲ့တာဖြစ်သည်။

ဘာကြောင့်လဲတော့မသိ ဂျီမင်လာတွေ့မည်ဆိုသောအသိက သူ့ကိုရွှင်မြူးတက်ကြွစေပါသည်။ ဂျီမင်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ရောင်ခြည်လေးနဲ့ ထွက်လာသူမလို့ ဂျီမင်သာလာမတွေ့ခဲ့ဘူးဆိုလျှင် ဂျောင်ကု ရင်ကွဲပေလိမ့်မည်။ သို့သော် သူ ဂျီမင့်ကိုယုံပါသည်။ ထို့အတူ ဂျီမင့်ကြောင့်ဖြစ်ပေါ်လာသော သူ့ရင်ခုန်သံကိုလည်းယုံပါသည်။ ဂျောင်ကုဟာ သိပ်ကိုရိုးသားတဲ့လူဖြစ်သည်။

တစ်ခါမျှတွေ့ဖူးသည့် ထိုနူးညံ့သိမ်မွေ့သော အမျိုးသားကို မြင်မြင်ချင်း စွဲလမ်းမိသလားဟုမေးလျှင် ဂျောင်ကု ရိုးသားစွာ ခေါင်းညိတ်ပြမှာဖြစ်သည်။ ဂျီမင်လည်း သူ့လိုခံစားရမည်ဟု ထင်မိပါသည်။ ဂျီမင့်အကြောင်းတွေးမိတော့ မတ်စောက်တဲ့တောင်ခြေမှာရှိတဲ့ လှေကားပေါ်တက်နေတဲ့ ဂျောင်ကုခြေလှမ်းတွေဟာ သွက်လက်မြန်ဆန်လို့နေသည်။ အတွေးတို့နဲ့အတူ ဂျောင်ကုဟာ ငှက်မွှေးလေးလိုပေါ့ပါးနေသည်။

ဂျီမင် ဂျီမင် ဂျီမင်။ အမည်နာမကို တဖွဖွရွတ်ဆိုရင်း ဂျောင်ကုနှုတ်ခမ်းတွေဟာ ရေပြင်ညီမျဥ်းအတိုင်း နေရန်အလို့ငှာ မစွမ်းသာတော့ပေ။ အစွန်းလေးတွေ ကော့တက်သွားသည်မှာ ယုန်သွားလေးတွေပင်ပေါ်သည်အထိ။ ဂျီမင်ကလှတယ်။ ဂျောင်ကုက လှတာလေးတွေကို ကြိုက်တယ်။ ဒါကြောင့် ဂျောင်ကုက ဂျီမင့်ကိုနှစ်သက်တယ်။ ဂျောင်ကုမှာ ဖြစ်ချင်တဲ့ ဆန္ဒရယ်လို့တော့မရှိပါဘူး။ အသက်ကိုတဝကြီးရှူမယ်။ တိမ်တွေကိုငေးမယ်။ ဂျီမင့်ကို ပန်းပန်ပေးမယ်။ ဂျီမင့်အတွက် ပုံတူပန်းချီဆွဲပေးမယ်။ နောက်တစ်နေ့ရောက်လာတိုင်း ဂျီမင့်ကိုမြင်ချင်တယ်။

တိမ်တိုက်တွေရဲ့အလွန်Where stories live. Discover now