~၇~

300 66 62
                                    

Unicode

လူကြီးမင်းနဲ့ဂျီမင် မိုးခမပင်ကြီးအောက်က မြက်ခင်းပေါ်တွင် ထိုင်နေတာဖြစ်သည်။ ဖက်ဖူးစိမ်းရောင်ဝတ်ရုံနဲ့ ဂျီမင်က ဖရိုဖရဲလှနေသလို အနီရောင်ဝတ်ရုံပြည့်နဲ့ လူကြီးမင်းဟာလည်း သပ်ရပ်ခန့်ညားလှသည်။ နန်းတော်ကပြန်ရောက်ရောက်ချင်း လူကြီးမင်းက ဂျီမင့်လက်ကိုဆွဲကာ ဒီကိုခေါ်လာခြင်းဖြစ်သည်။ ဘာအခင်းမှမပါဘဲ မြက်ခင်းပေါ် ဒီတိုင်းဖြစ်သလိုထိုင်နေတာ။ ဂျီမင်က ဒူးနှစ်ချောင်းထောင်ကာ လူကြီးမင်းကိုကျောပေးထားပြီး လူကြီးမင်းကတော့ တင်ပုလွေခွေထိုင်ကာ ဂျီမင့်ဆံပင်တွေကို ကျစ်ဆံမြီးကျစ်ပေးနေသည်။

" ကိုယ် မနက်ဖြန်ဆာဟာရကိုသွားရမယ် "

လူကြီးမင်းရဲ့စကားမှာ မြက်ပင်တွေကို လိုက်ဆိတ်နေတဲ့ ဂျီမင့်လက်တွေရပ်တန့်သွားသည်။ လူကြီးမင်းက ကျစ်ဆံမြီးကျစ်ဆဲ။

" လူကြီးမင်းက ဆာဟာရကို ဘာလို့... "

" စစ်ပွဲအတွက် ခံတပ်စွဲပြီးပြင်ဆင်ဖို့ပါ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး အိမ်ရှေ့စံနဲ့ စစ်သူကြီးပါပါတယ် "

" စစ်ဖြစ်တော့မှာပေါ့ "

" ဒါပေါ့ စိတ်ပူစရာတော့မရှိပါဘူး ကိုယ်တစ်ယောက်လုံးပါနေတာပဲ "

ဟာသနှောတဲ့ ပြောင်ချော်ချော်စကားကြောင့် ဂျီမင်ရယ်လိုက်မိသည်။

" ဒီတစ်ခါကြာမှာလား "

" အင်း နည်းနည်းကြာမယ်၊ လပိုင်းလောက် "

" အဲ့တာဆို ကျွန်တော်ဘုန်းတော်ကြီးကျောင်းနဲ့ နတ်ကွန်းကို လပိုင်းလောက်အထိသွားနေရတော့မှာပဲ​ "

လူကြီးမင်းစစ်တိုက်သွားတဲ့ရက်ကစပြီး ဂျီမင်ဟာ မြို့​တော်ထဲမှာရှိတဲ့ဘုန်းတော်ကြီးကျောင်းနဲ့ တောင်ခြေမှာရှိတဲ့နတ်ကွန်းဆီ မနက်တိုင်း သွားဆုတောင်းနေကြဖြစ်သည်။ ထိုအခါမျိုးတွေမှ ဂျီမင်စံအိမ်ထဲက ထွက်ဖြစ်တာဖြစ်သည်။ အစေခံတွေကတော့ နောက်ကနေအမြဲလိုက်ရသည်။ ဘုန်းတော်ကြီးကျောင်းဆို ကျောင်းဝင်းထဲအထိလိုက်စောင့်ပြီး နတ်ကွန်းဆိုရင် တောင်ခြေက ပထမဆုံးလှေကားထစ်အထိ လိုက်စောင့်ပေးကြသည်။ ထို့ကြောင့် ဆုတောင်းရှိခိုးသည့်အခါမျိုးတွင် စံအိမ်အပြင်ဘက်ရောက်နေသော်လည်း ဂျီမင်တစ်ယောက်တည်း သီးသန့်ရှိနေတတ်သည်။

တိမ်တိုက်တွေရဲ့အလွန်Where stories live. Discover now