Unicode
လျှို့ဝှက်အကန့်ထဲမှာ တိတ်တဆိတ်ရှိနေတဲ့အရာက ဒိုင်ယာရီပဲ။
ဟဲ့လန်ကျစ် ယန္တရားကိုတွန်းဖွင့်လိုက်သည့် အခိုက်အတန့်တွင် ရတနာသေတ္တာသော့များ၊ အမွေပစ္စည်းရတနာများ သို့မဟုတ် တခြားတန်ဖိုးကြီးပစ္စည်းများကဲ့သို့ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က စာအုပ်တစ်အုပ်လေးအတွက် လျှို့ဝှက်အကန့်ကို ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ခဲ့သည်ကိုတော့ သူမတွေးမိခဲ့ပေ။
ရှာဖွေတွေ့ရှိသည့်အခါ ၎င်းတို့သည် ဘယ်လိုစာအုပ်အမျိုးအစားလဲဆိုတာ မသိနိုင်မည်ကို စိုးရိမ်သဖြင့် “ဒိုင်ယာရီ(日记)” ဟူသော စာလုံးတစ်လုံးဖြင့် တမင်အမှတ်အသားပြုထားလေသည်။
“သခင် ဝန်ကြီးချုပ်၊ မင်းကလေ မင်းရဲ့ကိုယ်ရေးကိုယ်တာကို တကယ်အာရုံစိုက်တာပဲ မင်းရဲ့ဒိုင်ယာရီကို ဖုံးကွယ်ထားရတာ ရှက်စရာတစ်ခုလို့ထင်ရလောက်အောင် ......”
ဟဲ့လန်ကျစ်၏ပါးစပ်တွန့်သွားကာ ဒိုင်ယာရီစာအုပ်ကို ထုတ်၍ စာအုပ်ကို အမြန်လှန်လှောဖတ်ကြည့် လိုက်သည်။
ဒိုင်ယာရီ၏ရှေ့မျက်နှာစာတွင် အဖြူရောင်ဝါကြင့်ကြင့် စာရွက်လေးမှာ ဗလာဖြစ်နေပြီး စာလုံးသုံးလုံးသာ ရေးသားထားသည် : ဟဲ့လန်ကျစ်(贺兰之).
ရှေ့စာမျက်နှာမှာ နာမည်ရေးထား၏။ ကျောင်းမှစာအုပ်သစ်များ ရရှိသောအခါ ပထမဆုံးလုပ်ရမည့်အရာကဲ့သို့ပင် နာမည်ကိုရေးပြီး စာအုပ်အဖုံး ဖုံးထားသည်။ သူတို့၏အလေ့အထက အတော်လေးဆင်တူသည်။
ဟဲ့လန်ကျစ် သူ့လျှာကို ကိုက်လိုက်မိသည်။
ဤဝန်ကြီးချုပ်၏ခန္ဓာကိုယ်ကို အကြောင်းပြချက်မရှိဘဲ ကူးပြောင်းလာပုံရသည်၊ သူတို့နှစ်ယောက်လုံးတွင် နာမည်တူပြီး ကံကြမ္မာအသွင်အပြင်/ပုံစံ(ရုပ်ရည်)လည်း အတော်လေး ကိုက်ညီပုံရသည်။
ဤကဲ့သို့သောအခြားသူများ၏ဒိုင်ယာရီကိုကြည့်ရှုခြင်းသည်မယဉ်ကျေးသော်လည်း၊ ဧကရာဇ်ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဟဲ့လန်ကျစ်သည် ၎င်းကိုဆက်လက်ဖတ်နေရင်း သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် တောင်းပန်နေခဲ့သည်။
YOU ARE READING
Your Majesty, You Can't ⟨皇上,万万不可!⟩[MM Translation]
Historical FictionAuthor : Qing Ling/青凌 Status in COO : 250 chapters (completed) + 8 Extra Associated Names : 皇上,万万不可! I'm not own this novel and it's just fan translation. All credit to original author and e-translator. Started date : 22.12.2021 End date :