ရေးသူ နတ်သား
credit to အတွေးပင်လယ်ပြာOctober 20, 217
ကျနော် တနင်္ဂနွေနေ့ စလုံးက ပြန်ရောက်ပြီး နောက်တစ်နေ့မှာပဲ ဇာတ်လမ်းက စတယ်လို့ ဆိုရမယ်။ ကျနော်ပြန်ရောက်ရင် လုပ်နေကြ ထုံးစံအတိုင်း ရန်ကုန်မြို့ထဲ လေ့လာရန် ဆိုပြီး မနက်က အိမ်ကနေ စောစောထွက်လာခဲ့တယ်။ အမေက အိမ်က ကားကို ယူသွားဖို့ ပြောတာတောင် ကျနော် ယူမလာခဲ့ဘူး။ ရောက်ခါစဆိုတော့ ကားပြန်မမောင်းရဲသေးတာက တစ်ကြောင်း။ ကားမောင်းရင် ကိုယ်ကြည့်ချင်တာတွေ ကြည့်လို့မရတော့မှာ ဆိုတာက တစ်ကြောင်းပေါ့။ အဲဒါနဲ့ လိုင်ကားနဲ့ပဲ ဆူးလေကို ထွက်လာခဲ့တာ။ အိမ်က ထွက်မလာခင်တော့ အမေ့ကို မေးခဲ့ရသေးတယ်။ ဘာကားစီးသွားရင် ကောင်းမလဲလို့လေ။ အမေက ပြောတယ် "ပါရမီ အထူးပဲ စီးသွား ..အဲဒါက မြို့ကို ပတ်နေတာဆိုတော့ သားတစ်ခါထဲ နေရာစုံရောက်တာပေါ့တဲ့ "။ အမေ့ စကားဆိုတာ မပယ်ရှားကောင်းဘူး မှတ်လား။ ကျနော်လဲ ကားမှတ်တိုင်မှာ ပါရမီ အထူးကိုပဲ စောင့်စီးခဲ့တယ်။အမယ် ...ကြားဖြတ်ပြောရရင် မြန်မာနိုင်ငံကြီးများ တယ်တိုးတက်နေပါလား။ ကားမှတ်တိုင်တောင် ကျကျနနဆောက်ထားတဲ့ သံဖရိန် အမိုးကာ အဆောက်အဦးလေး ဖြစ်နေတယ်။ ထိုင်ခုံလေးတွေက အစီအရီနဲ့။ ကွမ်းတံတွေးနဲ့ အမှိုက်ထည့်ရန် ဆိုတဲ့ အမှိုက်ပုံးကလဲ အသင့်ဗျ။ တစ်ခုပဲ ရှိတယ်။ အမှိုက်ပုံးမှာ အမှိုက်တွေ ပြည့်နေတာတောင် မသိမ်းသေးတာရယ်။ ရှိတဲ့ ထိုင်ခုံလေး လေးငါးလုံးမှာ နှစ်လုံးကို ဂျာနယ်ရောင်းတဲ့ အမျိုးသမီးက နေရာဦးထားတာက လွဲရင်ပေါ့လေ။ ချိုင့်တွေ ခွက်တွေ အပြည့်နဲ့ ကတ္တရာလမ်းကိုတော့ ထည့်မပြောတော့ပါဘူး... အ ဟီး။
ကျနော်လဲ ဟိုကြည့် ဒီကြည့်နဲ့ ရန်ကုန်မြို့ရဲ့ ပြောင်းလဲမှုတွေကို လေ့လာနေတာပေါ့လေ။ အဲဒီအချိန်မှာပဲ ပါရမီကားက ဆိုက်လာတယ်။ ကားပေါ်မတက်ခင် ဆူးလေသွားတာ ဟုတ်လား မဟုတ်လား ကြည့်လိုက်တော့ ကားရှေ့မှန်အပေါ်မှာ ipay ဆိုပြီး ရေးထားတာ သွားတွေ့တယ်။ သြော် .. ဒါ အမေပြောတဲ့ ကားကို ကတ်နဲ့ စီးရတဲ့ စနစ်ပဲကိုး ဆိုပြီး သဘောကျသွားတယ်။ ကျနော်က ကတ်မရှိတော့ ပိုက်ဆံပေးပြီးတော့ပဲ စီးရတော့မှာပေါ့။ အဲဒါနဲ့ စပယ်ယာကို ပိုက်ဆံပေးမယ်လုပ်တော့ ကိုယ့်ရှေ့က တက်သွားတဲ့ ကောင်မလေးက စပယ်ယာကို ကတ်လေးတစ်ခု ပေးလိုက်တာ တွေ့တယ်။ စကတ်ထမိန်ဝတ်ထားတဲ့ ကောင်မလေးက ကိုယ်လုံးတောင့်တောင့်လေး ဖြစ်နေတာရယ် စပ်စုချင်တာရယ်နဲ့ အထဲကို တိုးမဝင်သေးပဲ ခပ်တည်တည်နဲ့ ရပ်ကြည့်နေလိုက်တယ်။ ဟိုက် .. စပယ်ယာရဲ့ လည်ပင်းမှာ စက်ကလေးတစ်လုံး ဆွဲထားတယ်ဟ။ ကြည့်လိုက်တော့ ကင်မရာလိုလို ဘာလိုလိုနဲ့။ ခုနက ကောင်မလေးပေးလိုက်တဲ့ ကတ်ကို စက်ထဲ ထိုးထည့်လိုက်တယ်။ ပြီးတော့ သူက ကောင်မလေးကို ပြန်ပေးလိုက်တယ်။ အင် .. သူ့ဟာက ဒီလိုကြီးလား။ တော်သေးတယ်။ စပယ်ယာက သူ့ဖာသူ လုပ်ပေလို့ပေါ့။ ဒီပြင်သာဆို အစောက ကောင်မလေးက စပယ်ယာနားကပ်သွားပြီး ရင်ပတ်ကစက်ကို ကတ်နဲ့ထိပွတ်ဆွဲရမှာ။ ခွိ။ ဘာပဲဖြစ်ဖြစ် ကတ်နဲ့သုံးလို့ရတာကိုက အဆင့်မြင့်လာတယ်လို့ပဲ ပြောရမှာပေါ့နော် .. ;D ။ ကျနော်လဲ ကျသင့်ငွေကို ပေးလိုက်ပြီး အစွန်က ထိုင်ခုံမှာ ထိုင်ပြီး လိုက်လာခဲ့တယ်။ ဟိုကြည့် ဒီကြည့်ပေါ့။ ဆူးလေ ရောက်တော့ ဆင်းပြီး ဟိုငေး ဒီငေးနဲ့ လျှောက်သွားမိတယ်ပေါ့လေ။
YOU ARE READING
ပြန်တင် အပြာစာအုပ်များ
Short Storyနာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်