လိုင်းပေါ်က ကျူတာဆရာမလေး

17.1K 28 1
                                        


ကျွန်တော့် အလုပ်မှာက WiFi ဖရီးရတယ်။ ကျွန်တော် ည ရုံးအိပ်ရုံးစားနဲ့ နေနေတဲ့ အချိန်ပေါ့ ။ ကျွန်တော့် အလုပ်က ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရတယ် ။ ကွန်ပျူတာပိုင်းလည်း နည်းနည်း အကျွမ်းတ၀င်ရှိတယ်ဗျ ။ ရုံးအိပ်ရုံးစား ဆိုတော့ ညဘက်တွေကြတော့ ပျင်းတာနဲ့ ကွန်ပျူတာတစ်လုံးနဲ့ အွန်လိုင်းတက် ဟိုကားကြည့် ဒီကားကြည့်ပေါ့ ။ အဲ့အချိန်က ဖေ့ဘွတ်က သိပ်ခေတ်မစားသေးဘူး ။ Gtalk ကတော့ မြန်မာပြည်မှာ ခေတ်အစားဆုံး အချိန်လို့ ပြောရမယ်။ အဲ့ဒီတော့ဗျာ ကျွန်နော်လည်း Gtalk သုံးတာပေါ့ ။

ကျွန်နော်က ဘလော့ဂ်တွေ ဘာတွေလည်း ရေးပါတယ် ။ ထားပါတော့ အဲ့ဒီမှာပဲ Gtalk ပြောရင်းနဲ့ ကျူတာဆရာမ တစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့ပြီး ခင်ဖြစ်တယ် ။ အစပိုင်းတော့ ဆရာမမှန်း မသိဘူး။ နောက်ပိုင်း ရင်းနှီးလာတော့ သူက ကျူတာဆရာမ ဖြစ်ကြောင်း ပြောတယ် ။ အသက်က ၃၄ နှစ်ရှိပြီ ။အပျိုကြီး တစ်ယောက်ပေါ့။ အခုမှ ကွန်ပျူတာ အင်တာနက်တွေ စလေ့လာတဲ့အကြောင်း ပြောတယ် ။ ကျောင်းမှာလည်း ကွန်ပျူတာခန်းကို သူက တာ၀န်ယူထားတယ် ။ အာ့နဲ့ ကျွန်နော်လည်း တတ်သလောက် မှတ်သလောက်ကို အွန်လိုင်းချက်တင်ကနေတဆင့် သူ့ကို ပြောပြပေးတယ် ။ ဆရာမကို ဆရာ ပြန်လုပ်ရင်း သင်ပေးတယ်ပေါ့ဗျာ ။

ဂျီမေလ်း အသုံးပြုနည်းတွေ Hosting အသုံးပြုနည်းတွေကအစ နောက်ပိုင်း ဘလော့ဂ်လုပ်နည်းတွေပါ သင်ပေးဖြစ်တယ် ။ အွန်လိုင်းကနေ သင်ပေးရတာ ဆိုတော့ သေချာကြီးတော့ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် မသင်ပေးနိုင်ဘူးပေါ့။ နောက်ပိုင်း ဖုန်းပြောဖြစ်တယ် ။ VZO ပြောဖြစ်လာတယ် ။

ဒီလိုနဲ့ ကြာလာတော့ ရင်းနှီးမှုက တစတစ တိုးလာတယ်ဗျ ။ ကြာဆို သူနဲ့ ကျွန်နော် အွန်လိုင်းကနေ စခင်တာ ၆ လ ၇ လလောက် ဖြစ်လာတယ် ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ယုံကြည်လာကြတယ် ။ တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်လာကြတယ် ။ အွန်လိုင်းမှာ နည်းပညာတွေ မျှ၀ေလာကြတယ်။ ချက်တင်ကို နေ့တိုင်းနီးပါး ပြောဖြစ်လာကြတယ် ။ အဲ့ဒီတုန်းက အွန်လိုင်းမှာ ဘာညာဆိုက်တွေ ခေတ်စားတဲ့ အချိန် ဘလောဂ် တွေပေါ့ ။ ရာဟုမောင်မောင် ဘလောဂ်တို့ မောင်စေတန် ဘလော့ဂ်တို့ပေါ့ ။

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now