တနဂ်နွေနေ့ ဖြစ်သောကြောင့် လမ်းမတော်မြို့နယ်ရှိ ကလေးဆေးရုံကြီးသို့ ကျွန်မ ထွက်လာခဲ့သည်။ကျွန်မတို့ငှားထားသော အဆောင်နှင့် သိပ်မဝေးလှ၍ လမ်းလျှောက်ခဲ့သည်။သူနာပြုတက္ကသိုလ်နှင့်လည်း နီးနီးလေးဖြစ်သည်။
ကင်ဆာရောဂါ ခံစားနေရသော ကလေးများအား စိတ်ခွန်အားပေးရင်း ပရဟိတသဘောမျိုးဖြင့် တနဂ်နွေနေ့တိုင်း ပုံအတူဆွဲဖြစ်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိပြီ။ကင်ဆာဝဒ့်တွင် တာဝန်ကျနေသော ကျွန်မ သူငယ်ချင်းများ၏ အကြံပေးချက်ကြောင့် လုပ်ဖြစ်ခဲ့ခြင်းပင်။
တနဂ်နွေနေ့တိုင်း အလှူရှင်များကလည်း အမျိုးမျိုးလာ၍ လှူကြမြဲ။ကျွန်မ ရောက်သွားသည့်အခါ သူတို့တွင် သစ်သီးများနှင့် ပန်းချီပစ္စည်းများကို တွေ့ရသည်။
"ဒီနေ့အလှူရှင်က ဘယ်သူလဲ ခင်ငြိမ်း"
" ခပ်ချောချော အစ်မတစ်ယောက်ပဲ လင်းလက်ရေ၊ချောတယ်ဆိုတာထက် ဘယ်လိုပြောရမလဲ ၊ကျက်သရေရှိတာဟ၊ငါတောင် မိန်းမချင်း ရင်ခုန်ချင်တယ်၊အသက်ကတော့ သုံးဆယ်ကျော်လောက်ရှိမယ်"
"အဲ့လောက်တောင်လား"
"သူ ကလေးတွေကို ပြောသွားတာတစ်ခုရှိသေးတယ်သိလား"
"အင်း"
"သူလွမ်းနေရတဲ့သူက ပန်းချီခဏခဏဆွဲတတ်လို့
ပန်းချီပစ္စည်းတွေ လာလှူတာပါတဲ့ရှင်""အော် ဟုတ်လား၊ ကြည်နူးဖို့တော့ ကောင်းသားနော်"
ကလေးအများစုက ပန်းချီဝါသနာပါကြသည်။စိတ်ဓာတ်ကျနေသော သူတို့လေးတွေအတွက် ခွန်အားနည်းနည်းလေးပဲ ဖြစ်ဖြစ် ဖန်တီးပေးခွင့်ရ၍ ပျော်ရွှင်မိသည်။
တစ်ယောက်ယောက် စောင့်ကြည့်နေသလို ခံစားရ၍ အခန်းဝသို့လှည့်ကြည့်မိသည်။ဟုတ်ပါသည်။ရိပ်ခနဲ ဖြတ်သွားသော သူ့နောက်သို့ ကျွန်မ အမှီလိုက်သည်။အမျိုးသမီး တစ်ယောက်ပဲ။
"ဒီမှာ"
"အို ဆရာမ"
" နွယ်"
"ဆရာမ ဘာလာလုပ်တာလဲဟင်"
"တို့ကလေးတွေအတွက် ပန်းချီပစ္စည်းတွေလာလှူတာပါ"
YOU ARE READING
တမ်းတတတ်သည်
Romanceဆရာမနှင့်တပည့် မိန်းမသားနှစ်ဦးကြားရှိ တွယ်တာမှု ကိုအရင်းတည်၍ဖြစ်ပေါ်လာသော...