(unicode)

124 15 0
                                    

ယနေ့က ကျနော်တို့ ကုမ္မဏီမှာ ပျော်ပွဲရွင်ပွဲလုပ်ကြသည်။
ဝန်ထမ်းတွေလည်း ပျော်ရွှင်နေကြသည်။ ရတောင့်ရခဲ အခွင့်အရေး
ပင်မဟုတ်လား။ကျနော် အိုဆယ်ဟွန်းက ကုမ္မဏီက CEO ပါ။ကျနော်က စည်းကမ်းကြီးသလောက် ဝန်ထမ်းတွေနှင့် ရင်းရင်းနှီးနှီးနေသူ။
ဝန်ထမ်းတွေကလည်း ကျနော်ကို CEO ဆိုတာထက် ဆွေမျိုးလို ခင်တွယ်နေသည်လေ။ အလုပ်ချိန်တွင်သာ စည်းကမ်းကြီးသော်လည်း
သူတို့ကြိုးစားလို့ ကုမ္မဏီအောင်မြင်ရင်လည်း ဤကဲ့သို့ ပျော်ပွဲရွင်ပွဲလုပ်
ပေးလေ့ရှိသည်။

Sehun-ကဲ အကုန်လုံး တာဝန်ကျေကြတယ် ဘယ်မှာပျော်ပွဲရွင်ပွဲလုပ်
            ချင်ကြလဲ
Man1-နေရာကောင်းကောင်း ကျနော်သိတယ် အဲ့ကိုသွားရင် အားလုံး
            ကြိုက်မှာအမှန်ဘဲ အဲ့နေရာက
All-     Lucky club

          အားလုံးက အားတတ်သရော ပြောကြသော်လည်း ထိုအထဲတွင်
ကျနော် sehun မပါ ပါ။အကြောင်းက ရှင်းပါတယ်။ ကျနော့ နာမည်ပြောင်က အလုပ်ဂျပိုးလေ။ ဘွဲ့ရပြီးကတည်းက အလုပ်နှင့်အိမ်၊အိမ်နှင့်
အလုပ် ဘဲသွားလာနေခဲ့သူ။ သူငယ်ချင်းတွေက ခေါ်သော်လည်း သိပ်စိတ်မဝင်စားသောကြောင့် အမြဲငြင်းလေ့ရှိသူမို့ သူ့တိုပြောတဲ့ Lucky
Club ကို ကျနော်လုံးဝမသိ။

           ကိုယ်မနှစ်သက်သော အငွေ့အသက်တွေ လွှမ်းခြုံနေမည့်နေရာကို ကျနော်မသွားလို။လိုသလောက် ပိုက်ဆံထုတ်ပေး၍ မန်နေဂျာနဲ့
သွားကဲလာကြပြောတော့ အားလုံးမျက်နှာက စူပုတ်ပုတ်။ ဟင်း ငါနဲ့တော့ ခက်တော့တာပါပဲ။ ဤသို့ ဤသို့နှင့် ကျနော်sehun Lucky
Club  သို့အလည်ရောက်ရပြန်သည်။

💖💋💖💋💖💋💖💋💖💋💖💋💖💋💖💋💖💋💖💋💖💋💖

At Lucky Club

             ကျနော်ထင်တဲ့ အတိုင်းပါလားနော် များလိုက်တဲ့လူတွေ ဟူးး
စိတ်တွေလည်း ညစ်ပါတယ် ဝန်ထမ်းတွေသာမပူဆာရင် ဒီလိုနေရာမျိုး
ဒီတစ်သက်ရောက်ဖြစ်မည် မထင်။

           Club  အတွင်းထဲသို့ ဝင်လိုက်သည်နှင့် ဆေးလိပ်နံ့ အရက်နံ့
တွေက ကြိုဆိုနေသည်။ မန်နေဂျာအကိုက သီးသန့်ခန်းစီစဉ် ပေး၍ အားလုံး အခန်းထဲဝင်၍ သီချင်းဆိုသူကဆို ကသူက က၊ဘီယာကိုသောက်သူက သောက်နှင့် အားလုံးပျော်ရွှင်နေကြသော်လည်း အဲ့အထဲတွင်
ကျနော်sehun မပါ။ နောက်တော့မှသိရသည်က ဤclub တွင် ဆွဲဆောင်မှု့ရှိတဲ့ dancer တစ်ယောက်ကြောင့် ဤclub ကို အသည်းအသန် လာချင်နေခြင်းပင်။ မန်နေဂျာက ဝန်ထမ်းတွေမျှော်နေသော dancer ကတော့မည်လည်း ဆိုရော ကျနော့ဝန်ထမ်းတွေ အလျိုလျိုထွက်သွားကြ၏။ ကျနော်က မထွက်ချင် သူတို့လစ်ရင် အိမ်ပြန်ဖို့သာ ချောင်းနေသူပီပီ လစ်ထွက်မယ်ကြံတုန်း

 ကိုယ့္ဘ၀က မင္းပါ Jong Where stories live. Discover now